Korea အစိုးရက ပေးအပ်မယ့် ရာနှုန်းပြည့် Scholarship အကြောင်း
( Global Korea Scholarship 2021 )
ဒီ Global Korea Scholarship လေးကတော့ နိုင်ငံပေါင်း ၁၄၈ နိုင်ငံက ဘွဲကြိုကျောင်းသားပေါင်းများစွာအတွက် အထောက်အပံ့ဖြစ်မယ့် ပညာသင်ဆုလေးပါ။
Degree Level အနေနဲ့ကတေ့ာ
– Bachelor’s Degree ( ၄ နှစ် + ကိုးရီးယားဘာသာစကား ၁ နှစ် )
– Associate Degree ( ၃ နှစ် + ကိုးရီးယားဘာသာစကား ၁ နှစ် )
တို့ကိုပဲ ပေးအပ်သွားမှာလို့ သိရပါတယ်။
ပညာသင်ဆုရရှိသွားမယ့် ကျောင်းသားအတွက် အကျိုးရလဒ်အနေနဲ့ကတော့
– အသွားအပြန်လေယာဥ်လက်မှတ်
– တစ်လအသုံးစရိတ်နဲ့ တခြားငွေကြေးထောက်ပံ့မှုတွေ၊ (900,000 KRW)
– Year Korean Language Training Fee အတွက် အခမဲ့ပညာသင်ကြားခွင့်
– University Admission fees waiver
– ကျန်းမားရေးအာမခံ
– Korean Proficiency Grants (100,000 KRW/month)
– Degree Completion Grants (100,000 KRW)
Eligibility Criteria အနေနဲ့ကတော့ Global Korea Scholarship partner နိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်ရမယ်။ ကိုးရီးယားနိုင်ငံသားမဖြစ်ရဖူး။ ၂၅ နှစ်အောက်ဖြစ်ရမယ်။ High school အောင်ထားပြီးဖို့လိုမယ်။ Scholarship တည်တံ့နေအောင် GPA ကိုကျောင်းပြီးတဲ့အထိ ထိန်းထားနိုင်ဖို့လိုမယ်။ ကျန်းမာရေးကောင်းမွန်ရမယ်။
လျှောက်ထားလို့ရမယ့်တက္ကသိုလ်တွေကတော့
အသေးစိတ် လျှောက်ထားဖို့ကိစ္စတွေ၊ တက္ကသိုလ်တွေအကြောင်း အသေးစိတ်သိချင်ရင်တော့ ဒီ Link လေးကနေ ဝင်လေ့လာလိုက်ပါ။
အပ္ပမညာဖြင့်
Hein Htet Kyaw
www.heinhtetkyaw.com