သြစတေးလျနိုင်ငံ University of Western Australia က ၂၀၂၁ ခုနှစ်အတွက် ပေးအပ်မယ့် International Scholarship
Research Scholarship ဖြစ်တာမို့ Research Master’s Program နဲ့ Research Doctoral Program တို့ကိုသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ နယ်ပယ်ကတော့ အပိုင်းအခြားမပြုထားတာမို့ မိမိစိတ်ဝင်စားရာ နယ်ပယ်ကို လျှောက်ထားနိုင်ပါတယ်။ ဆိုလိုရင်းကတော့ နယ်ပယ်အစုံက ပညာရေးနောက်ခံ ပြည့်စုံသူတိုင်း လျှောက်ထားနိုင်တယ်လို့ ဆိုလိုတာပါ။
Scholarship ပေးအပ်ခံရသူကျောင်းသားအနေနဲ့ ရရှိခံစားနိုင်မယ့် အကျိုးရလဒ်တွေကတော့
– စာသင်ကြားစဥ်််ကာလအသုံးစရိတ်
– ကျန်းမာရေးအာမခံ
– ပညာသင်ထောက်ပံ့ကြေး
– ကျောင်းမှ ပေးအပ်သော Mentor အထောက်အပံ့တွေ ရပါမယ်။
Eligibility Criteria အနေနဲ့ကတော့
– University of Western Australia ကနေ ကျောင်းပြီးထားတဲ့ ကျောင်းသားဖြစ်ရပါမယ်။
– ပညာရေးမှတ်တမ်း၊ အမှတ်စာရင်း စတဲ့ Academic Criteria တွေအပေါ် ကြည့်ပြီးဆုံးဖြတ်မှာပါ။ ဆိုလိုတာက HD နဲ့အောင်ထားသူတွေ၊ Medal Award ရထားဖူးသူတွေ၊ Scholarship Record ရှိဖူးသူတွေအတွက် ပိုလွယ်ပါလိမ့်မယ်။
– English language Proficiency Certificate တစ်ခုခုပြနိုင်ရပါမယ်၊ BTEC Pearson or IELTS or TOFEL ပေါ့။
– Research လုပ်ဖူးကြောင်း အထောက်အထားပြနိုင်သူဖြစ်ရပါမယ်။
မူရင်းအတိုင်းအသေးစိတ်ကို ဒီ Link မှာ သွားကြည့်နိုင်ပါတယ််။
ဒီ Scholarship လေးဟာ UWA ကနေ ကျောင်းပြီးထားတဲ့ Graduates တွေအတွက် သီးသန့်ဖြစ်ပါတယ်။
အပ္ပမညာဖြင့်
Hein Htet Kyaw
www.heinhtetkyaw.com