Hein Htet Kyaw

Web Developer, DevOps & Technopreneur

Professional Contents

Activist Contents

Articles on Magazines

Article Name - Cloud or Revolutionary

Article Name - Red Room & History of Hacking

Book - Still in Progress

Hein Htet Kyaw - Sadhguru Books

– လူတစ်ယောက်ကို အထင်ကြီးပြီးလဲ မကြည့်နဲ့။ အထင်ကြီးမိရင် ကိုယ့်စိတ်ထဲမှာ အလွန်အကြူးတွေ တောင်စဉ်ရေမရ လျှောက်တွေးတော့မယ်။
– လူတစ်ယောက်ကို အထင်သေးပြီးလဲ မကြည့်မိနဲ့။ အထင်သေးမိရင် အဓိပ္ပါယ်မရှိတဲ့ အမြင်တွေပဲ ခေါင်းထဲရှိနေမယ်။
– ကျုပ်ကိုလဲ အရှိကိုအရှိအတိုင်းကြည့်ပါ။ ကျုပ်ကိုအထင်ကြီးမိရင် ခင်ဗျားတို့အိမ်မှာ ကျုပ်ပုံတော်ကြီး ဆွဲထားရုံကလွဲ ဘယ်လိုအမြင်မှန်များ ရနိုင်ဦးမှာလဲ။
– အရှိကိုအရှိအတိုင်း ယထာဘူတကျကျ အတိုင်းတိုင်း သိဖို့လိုတယ်။ ကျုပ်က ဘာသဘာဝလွန်တရားမှ ရနေတာမရှိဖူး။ အရာတိုင်းကို အရှိရှိအတိုင်းတိုင်း မြင်တတ်ရုံပါပဲ။

ဆဒ်သ်ဂုရု

___________________

လောကဓံတရားကြီးက ကျုပ်တို့ဆီကို ပစ်လွှတ်လိုက်တဲ့ အရာတိုင်းအတွက် လက်ခံံရုံကလွဲ ကျုပ်တို့မှာ ရွေးချယ်စရာမရှိဖူး။ ဒီတော့ ကျုပ်တို့နဲ့ မဆိုင်ဖူးလို့ပြောလို့ရတယ်။

ဒါပေမယ့် အဲ့ဒီလောကဓံကို ဘယ်လိုအသုံးချပြီး ဘာတွေရယူမယ်ဆိုတာကတော့ ကျုပ်တို့နဲ့ တိုက်ရိုက်ပတ်သတ်တယ်။

အလားတူပဲ ကျုပ်တို့တွေဟာ ကျုပ်တို့ရဲ့ လုပ်ရပ်အတွက် တာဝန်ရှိတယ်။ ဒါပေမယ့် ကျုပ်တို့လုပ်ရပ်အပေါ် တစ်ဖက်လူရဲ့ မျှော်မှန်းထားတာတွေ၊ ကျုပ်တို့လုပ်ရပ်ကြောင့် တစ်ဖက်သတ်ခံစားသွားရတာတွေက ကျုပ်တို့ရဲ့တာဝန်မဟုတ်ဖူး။
– ဆဒ်သ်ဂုရု

In conversation with the mystic – Sadhguru ပွဲမှ ဆဒ်သ်ဂုရု ဟောကြားထားတာတွေကို မှတ်မိသလောက်ပြန်ရေးပါတယ်။ တစ်နေရာရာ လွဲချော်ရင် ကျွန်တော့်လိုအပ်ချက်သာ။

error: Content is protected !!