Movies

ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(၁၀)

Name: PersepolisPolitical Affiliations: Iranian Islamic Regime, Islamic Fascism/ Islamic Fundamentalism/ Political Islam, Communism, Secularism, Revolutionဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်တပ်က ကျည်တချို့ ပစ်သွင်းခဲ့တယ်။ လက်သီးလက်မောင်းတန်းနေတဲ့ ဆန္ဒပြနေသူတစ်ယောက်ရဲ့ကိုယ်ကနေ ကောဋ္ဌာသ(သွေး)တွေ ဖြာထွက်ရင်း လဲကျသွားတယ်။လူထုကြီးဟာ ထိုလဲကျသွားတဲ့ ဆန္ဒပြသူကို ပင့်မြောက်လိုက်ကြရင်း …………ဇာတ်လမ်း‌ရဲ့ အစပိုင်းကတော့ Marjane Satrapi လို့ခေါ်တဲ့ အီရန်တက်ကြွလှုပ်ရှားသူ၊ ကွန်မြူနစ်တစ်ဦး၊ လူအခွင့်အရေးသမားတစ်ယောက်က သျှားဘုရင်နဲ့ သူ့သားတို့ရဲ့ အစ္စလာမ်မစ်ဖက်ဆစ်ဝါဒနဲ့ အုပ်စိုးတဲ့ အာဏာရှင်အစိုးရအပေါ် တွန်းလှန်ခဲ့ကြတဲ့ အီရန်က တော်လှန်သူတွေရဲ့ အကြောင်းကို သူမြင်ခဲ့ရတဲ့အတိုင်း ပုံဖော်ပေးခဲ့တာဖြစ်တယ်။ဒီဇာတ်လမ်းဟာ 2007 Cannes Film Festival မှာ Jury Prize ဆုကို ရခဲ့တဲ့ […]

ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(၁၀) Read More »

ကြည့်စေချင်သော Political Drama/Series များ အပိုင်း(၉)

Movie name: ChakravyuhPolitical Affiliations: Communism/Maoismနောက်ကွယ်အကြောင်းအရာ – Naxaliteဒီကားလေးကတော့ ညီအစ်ကိုအရင်းလို ချစ်ကြတဲ့ လူငယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကနေ စတင်ထားတယ်။တစ်ယောက်က organized ဖြစ်တဲ့ အမျိုးအစား၊ အစီအစဉ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပုံသေတွက်ဆမှုတွေကို အမှန်ထင် ချင့်ချိန်တတ်သူတစ်ဦး။နောက်တစ်ဦးကတော့ စိတ်ကူးဉာဏ်ကွန့်မြူးမှုနဲ့အတူ နှလုံးသားရဲ့ခံစားမှုက ပေးတဲ့ အမိန့်ကိုသာ နာခံတတ်သူ စိတ်ကူးယဉ်သမား၊ အဲ့အပြင်ကို သူဟာ အမိန့်တွေ၊ စည်းမျဉ်းတွေကို မုန်းတီးသူတစ်ဦး သင်းကွဲတစ်ယောက်။နှစ်ဦးအတူတူ ရဲသင်တန်းတက်ခဲ့ပေမယ့် တစ်ဦးပဲအရာရှိဖြစ်ခဲ့ပြီး နောက်တစ်ဦးက သူ့ရဲ့ personality ကြောင့် ထွက်ခဲ့ရပီး စီးပွားရေးသမားဖြစ်ခဲ့ရတယ်။မဆုံတော့တဲ့သူငယ်ချင်းနှစ်ယောက် ဆုံရာကနေ သင်းကွဲဟာ အသွင်ယူစပိုင်ဖြစ်လာဖို့ အကြောင်းဖန်လာတယ်။ဒီကားလေးထဲ လက်ရှိရှိနေတဲ့ ကော်ပိုရိတ်ဝါဒ၊ ဂလိုဘယ်ဓနရှင်ဝါဒနဲ့ အကျင့်ပျက်ချစားမှုတွေကို ပါလီမန်နည်းလမ်းနဲ့ ဘယ်လိုမှ ပြင်လို့မရနိုင်တော့ဖူးဆိုတာကို ပြထားတယ်။နိုင်ငံကြီးတိုးတက်စေမယ့် စီးပွားရေးပရောဂျက်လုပ်မယ်ဆိုလိုက်တိုင်း ကျောမွဲတွေ၊ ဇာတ်နိမ့်တွေရဲ့ ဘဝတွေဟာ

ကြည့်စေချင်သော Political Drama/Series များ အပိုင်း(၉) Read More »

ကြည့်စေချင်သော Political Drama/Series များ အပိုင်း (8)

Movie name – Accidental AnarchistPolitical Affiliations: Anarchism & Communalismနောက်ကွယ်အကြောင်းအရာ – Europe, Kurdistan, Spain, RojavaCarne Ross သည် အစိုးရ၏ အထက်တန်းပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အနောက်ဒီမိုကရေစီကို ယုံကြည်သော အသက်မွေးဝမ်းကျောင်း သံတမန်တစ်ဦးအနေနဲ့ ဒီမိုကရေစီအစိုးရဟာ ကျွန်ုပ်တို့အားလုံးကို ကယ်တင်နိုင်သည်ဟု ယုံကြည်သူဖြစ်သည်။ သို့သော် စနစ်အတွင်းတွင် အလုပ်လုပ်ရင်း ၎င်း၏ ကျရှုံးမှုများ၊ လှည့်စားမှုများနှင့် ဆိုးရွားသော စေ့ဆော်မှုများကို သူတွေ့မြင်လာခဲ့သည်။အာဏာ၊ အကျင့်ပျက်ခြစားမှုကို အစပထမတွင် သူခံစားခဲ့ရသည်။ အီရတ်စစ်ပွဲအပြီး Carne သည် စိတ်ပျက်လက်ပျက်ဖြစ်လာကာ အလုပ်မှထွက်ကာ သူရှာဖွေလိုသော အဖြေကို စတင်ရှာဖွေခဲ့သည်။ ယနေ့လူများစွာက သူတို့ကိုယ်သူတို့ မေးနေကြသည့်မေးခွန်းအတွက် အဖြေရှာရန် ကြိုးစားနေစဉ် ဤရုပ်ရှင်သည် ကမ္ဘာတစ်ဝှမ်းရှိ သူ၏ခရီးကို ခြေရာခံလိုက်သည်

ကြည့်စေချင်သော Political Drama/Series များ အပိုင်း (8) Read More »

ကြည့်စေချင်သော Political Drama/Series များ အပိုင်း(7)

Movie name – V for VendettaPolitical Affiliations: Anarchismနောက်ကွယ်အကြောင်းအရာ – UK ParliamentV for Vendetta ဟာ မင်းမဲ့ဝါဒအပေါ် အခြေခံထားတဲ့ Matrix ရုပ်ရှင်ဇာတ်ကား ဖန်တီးသူ TIL Larry Wachowski ၏ လက်ရာတစ်ခုပေါ့၊ရှုပ်ထွေးလှတဲ့ ဗျူရိုကရေစီယန္တရားကြားထဲ မသိမှုများစွာနဲ့ နေ့စဉ်ဘဝမှာ ပိတ်မိနေကြတဲ့ ပြည်သူတွေကြားထဲမှာ လူတစ်ဦးဟာ အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်လာခဲ့တယ်။ကမ႓ာကျော် ဟက်ကာအဖွဲ့ Anonymous အဖွဲ့၏ သရုပ်တစ်ခုလည်းဖြစ်၊ လွတ်လပ်စွာ ရပ်တည်မှု အတွေးအခေါ်၏ ပြရုပ်လဲဖြစ်တဲ့ Fawkes Mask နဲ့လူတစ်ယောက်ရဲ့ နိုင်ငံပိုင်အစိုးရရဲ့ ဝါဒဖြန့်မှုကြား နစ်မြုပ်နေတဲ့ ပြည်သူတွေကို ဆွဲဆောင်ရင်း လုပ်သွားရတဲ့ တော်လှန်ရေးလေးတစ်ခုအကြောင်း။အကြောက်တရားဟာ အခြေခံလူ့သဘောသဘာဝဖြစ်ပြီး အမြဲတမ်း အာဏာပိုင်စိုးသူတို့ရဲ့

ကြည့်စေချင်သော Political Drama/Series များ အပိုင်း(7) Read More »

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(6)

We are the Wave / Wir sind die WellePolitical Affiliations: Anarchism & Left Populismနောက်ကွယ်အကြောင်းအရာ – Fiction– ဥ‌ပဒေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို ရွံမုန်းသူ စာပေဗဟုသုတနဲ့ အတွေးအခေါ် မြင့်မားသူ မင်းမဲ့ဝါဒီ သင်းကွဲ ကျောင်းသားတစ်ယောက်၊– ကိုယ်တိုင်ကတော့ ဘောင်အတွင်းက တွေးတောတတ်ပေမယ့် ဘောင်တွေစည်းတွေကို ကျော်လွန်တတ်သူတေွကို ကူညီတတ်ပြီး ကိုယ်တိုင်လည်း အနည်းငယ်ပမာဏ လောက် ကျော်ပြီး တွေးတောနိုင်သော ကျောင်းသူတစ်ယောက်၊– အနိုင်ကျင့်ခံ စကားနည်းတဲ့ ကောင်မလေးတစ်ယောက်၊– လူမျိုးရေးမုန်းတီးခံရမှုတွေကို မခံမရပ်နိုင်ဖြစ်နေတဲ့ အာရပ်ရွေ့ပြောင်းဒုက္ခသည် ကျောင်းသားတစ်ယောက်– မိသားစုစီးပွားရေးပျက်ဆီးခံခဲ့ရတာကြောင့် လုပ်ငန်းရှင်တွေအပေါ် အမြင်မကြည်တဲ့ ကျောင်းသားတစ်ယောက်တစ်ဖက်က ဂျာမဏီလူမျိုးကြီးဝါဒီ လက်ယာစွန်းကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ ရှိရင်းစွဲ နိုင်ငံ‌ရေးစင်ပြိုင် လက်ဝဲအမည်ခံ သာပေါင်းညာစား

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(6) Read More »

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(5)

The Silent RevolutionPolitical Affiliations: Socialism, Anti-Stalinism, Red Fascism.နောက်ကွယ်အကြောင်းအရာ – Germany, Soviet Union.ဒီနေ့က မြန်မာပြည်သူတွေက Silent Strike လုပ်ကြတယ်ပေါ့။ Silent Strike အပေါ် ကျွန်တော်ဘယ်လိုမြင်လဲ ဘာညာ စတာတေွ ပြောမနေချင်ဘူး။ ကျွန်တော်ကတော့ လက်နက်ကိုင်တိုက်လို့ရလာတဲ့ ရလဒ်ကိုပဲ ယုံတယ်။ ဘယ်လိုပဲဆိုဆို ဒီနေ့ Silent Strike ဆိုတာလေး တစ်ခု ဖြစ်လာဖို့ အရိုက်အနှပ်အသတ်အပုတ်ခံ၊ ထောင်သွင်းအကျဥ်းချခံ၊ နောက်နေ့ အရင်းမရှိတော့လောက်တဲ့အထိ အနေအထားမျိုးနဲ့ထိ ‌ပေးဆပ်နေတဲ့သူတွေ ရှိတော့ သူတို့ရဲ့ Struggle ကို အသိအမှတ်မပြုရင် ကျွန်တော်ဟာ လူဟုတ်ပါ့တော့မလားလို့ တွေးမိပြန်တယ်။ကျွန်တော်တို့ မြန်မာတွေ Silent Strike လုပ်သမျိုးပဲ ၁၉၅၆ မှာ ဟန်ဂေရီက

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(5) Read More »

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၄)

Rohingya (2021)Political Affiliations: Racism, Terrorism, Humanismနောက်ကွယ်အကြောင်းအရာ – Myanmar, Bangladeshအစကတော့ အပိုင်း(၄) ကို ချန်ထရာဘို့စ်အကြောင်း ရုပ်ရှင်ရေးတင်ပေးဖို့ပဲ။ ခုက SRT ဖိုင်ပျောက်နေလို့ နောက်တစ်ကား ပြောပါ့မယ်။Rohingya ဆိုတဲ့ ဇာတ်ကားလေး၊ အိန္ဒိယက ရိုက်ထားတာ။ အိန္ဒိယ‌ ထောက်လှမ်းရေးက ရခိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နယ်နမိတ်တွေမှာ ကျင်လည်နေတဲ့ အကြမ်းဖက်အာဆာအဖွဲ့ ARSA အဖွဲ့နဲ့ ပတ်သတ်ပြီး စစ်ဆင်ရေးလုပ်တဲ့အကြောင်းပါ။ရိုဟင်ဂျာလူမျိုးစုတွေ နယ်မြေအသီးသီးမှာ ခံစားရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခံစားရတဲ့ ဒုက္ခတွေကိုလည်း ပြသနိုင်တဲ့အပြင် အတွင်းပိုင်းလူမျိုးစုတွေထဲက ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ဖော်ပြနိုင်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်လမ်းထဲက မင်းသမီးရဲ့ညီမရဲ့ သူတို့ကယ်ထုတ်ဖို့ တောင်းဆိုတဲ့ အခန်းကလည်း တကယ်သနားဖို့ကောင်းတယ်။ UN က လူ့ပေါ်ကျော့တွေ၊ NGO

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၄) Read More »

ကြည့်စေချင်သော Political/Social Movies များ အပိုင်း(၃)

The Legend Of Bhagat Singh (2002)Political Affiliations: Socialism/Anarchismနောက်ကွယ်အကြောင်းအရာ – Indian Liberation StruggleBhagat Singh ဆိုတဲ့ နာမည်ကို မြန်မာပြည်ဖွား အိန္ဒိယအနွယ်ဖွားတွေ သိကြမှာပါ။ အထူးသဖြင့် ဆစ်ဒ်တွေ သိကြလိမ့်မယ်၊ ကျနော်လဲ အစက သူ့အကြောင်း မသိဖူး။ “Don’t Call Me Kalar” ကိစ္စမှာမှ အသိညီမတစ်ယောက်နဲ့ ပြောဖြစ်ရင်း သိလို့ သူ့အကြောင်း စလေ့လာရင်း Bhagat Singh ရဲ့ “Why I am an Atheist” ဆိုတဲ့ စာအုပ်လေးကို တော်တော်သဘောကျသွားတာ။ သူဟာ အိန္ဒိယနဲ့ မြန်မာပြည်ကို ဗြိတိသျှ မျက်နှာဖြူ ကိုလိုနီနယ်ချဲ့တွေ လက်ကနေ လွတ်မြောက်စေခဲ့တဲ့ အကြောင်းပြချက်တစ်ခု၊

ကြည့်စေချင်သော Political/Social Movies များ အပိုင်း(၃) Read More »

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၁)

Movie Name: The Pioneer 2021Political Affiliations: China/Marxismနောက်ကွယ်အကြောင်းအရာ – May Fourth Movement“တောင်ပိုင်းက ချိန်၊ မြောက်ပိုင်းက လီ” တဲ့၊တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ဖခင်နှစ်ယောက်၊ တစ်ယောက်က တရုတ်ပြည်မာ့က်စ်ဝါဒ ဖခင်၊ နောက်တစ်ယောက်ကတော့ တရုတ်ပြည်ရဲ့ လီနင်ရယ်လို့ ကျော်ကြားတဲ့သူ၊နာမည်တွေက Li Dazhao နဲ့ Chen Duxiu တဲ့၊သူတို့နှစ်ဦးအတူ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးတွေဟာ မနည်းမနောပဲ။ ဘုရင်ပဒေသရာဇ်စနစ်ကို အတူတူတွန်းလှန်ရင်း သမ္မတနိုင်ငံထူထောင်ပြီးပြန်တော့လည်း လက်ယာသမား အစိုးရကို တော်လှန်ကြရသေးတယ်။ဇာတ်လမ်းထဲမှာ ‌တော်လှန်ရေးအဆက်ဆက် သူတို့ဘယ်လိုပေးဆပ်ခဲ့ရသလဲ အသေးစိတ်ပါတယ်။ သူတို့ဟာ တော်လှန်ရေးစိတ်ကြွနေချိန် ပြည်သူလူထုက တီးမုတ်အကအခုန်ကောင်းနေလို့ ပြည်သူလူထုကို မင်းတို့က ရေပေါ်ဆီတွေရယ်လို့ သူတို့ မဆဲဆိုခဲ့ဘူး။ လူထုကြားထဲဆီထိ သူတို့ပြောချင်တဲ့ စာတွေကို စာရွက်တွေမှာ ရေးပြီး

ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၁) Read More »

error: Content is protected !!