ကြည့်စေချင်သော Political/Social Drama များ – (Jai Bhim)
Moive Name: Jai BhimPolitical Affiliations: Social Justice / anti-casteနောက်ကွယ်အကြောင်းအရာ: Indian Dravidians“မရှိခိုးနိုး မလှစုန်းမျိုး” ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။ရုပ်ရှင်ထဲက စကားစုအတိုင်းဆို “အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်”“ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး”ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ “ရဲ”ဆိုတဲ့လူတွေပဲပေါ့။ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ ဆိုတာကို ခရေ့စေ့တွင်းကျ ရိုက်ပြထားပါတယ်။ လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရပါလိမ့်မယ်။ဒီနေရာမှာတော့ ရုပ်ရှင်တို့ ထုံးစံအစား အဖိနှိပ်ခံ ကျောမွဲတို့အတွက် မားမားမက်မက် ရပ်တည်ပေးတဲ့ မင်းသားဟာ ရှေ့နေတစ်ယောက်ပေါ့။ ရှေ့နေတောင်မှ သာမန်ရှေ့နေမဟုတ်၊ သူ့ရှေ့နေ ရုံးခန်းမှာ Karl Marx ရုပ်ထုကြီးကို နောက်ခံထားရင်း ရုံးခန်းထဲက […]
ကြည့်စေချင်သော Political/Social Drama များ – (Jai Bhim) Read More »