Technolibertarianism: an ideology behind hackers

Hacking အကြောင်းပြောကြတယ်။ ပြဿနာက Hacking ဖြစ်ပေါ်လာစေတဲ့ Ideology အစစ်ကိုမေ့နေကြတယ်။ Techical ပဲ ပါလာတယ်။ ဒဿန မလိုက်လာဘူး။
BitCoin တွေ Crypto တွေပြောကြတယ်။ ပြဿနာက BitCoin ဖြစ်ပေါ်လာစေတဲ့ Ideology အစစ်ကိုမေ့နေကြတယ်။ Techical ပဲ ပါလာတယ်။ ဒဿန မလိုက်လာဘူး။

ပြောရရင် 1990 ဝန်းကျင်က စလိုက်တဲ့ Cyber Punk လှုပ်ရှားမှုနဲ့ Technolibertarianism အကြောင်းမပြောရင် ဒီ Hacking တွေ BitCoin တွေရဲ့အနောက်ကွယ်က သဘောတရားကို ကိုင်မိမှာမဟုတ်ဘူး။ ဒီ Cyber Punk လှုပ်ရှားမှုနဲ့ Technolibertarianism အတွေးအခေါ်တစ်ခုလုံးက ဘောဂဗေဒစနစ်အပေါ် အစိုးရစွက်ဖက်မှုကိုဆန့်ကျင်ရေးပဲ။

Linux ရဲ့ဖခင် Linus Torvalds သူ့ရဲ့အဖေဟာ တစ်ခေတ်တစ်ခါက ကွန်မြူနစ်ပါတီဝင်၊ နောက်ပိုင်းမှာ ဗဟိုအုပ်ချုပ်မှုအပေါ် အခြေခံတဲ့ ကွန်မြူနစ်အိုင်ဒီယိုလိုဂျီကို စွန့်ပယ်ပြီး လွတ်လပ်တဲ့စျေးကွက်ကို အားပေးတဲ့ Right Libertarian (Radical Liberal/AnCap) တစ်ဦးအနေနဲ့ နိုင်ငံတော်ရဲ့ချုပ်ကိုင်မှုတွေကနေ စျေးကွက်ဟာ လွတ်မြောက်အောင် ကြိုးပမ်းလာခဲ့တယ်။ SELinux ကို NSA က စပြီး Public အတွက်ထုတ်ပေးတော့ အစိုးရအနေနဲ့ အသုံးပြုသူတွေကို စောင့်ကြည့်နိုင်မယ့် Backdoor ထည့်မယ်လို့ Linus Torvalds ကိုပြောတယ်။ သူ့အဖေ Nils Torvalds ရဲ့အားပေးမှုနဲ့ Linus Torvalds ဟာ NSA ရဲ့ SELinux လို Security Kernel Level လုံခြုံရေးစနစ်မှာ Backdoor ထည့်မယ့်အစီအစဉ်ကိုကန့်ကွက်ခဲ့တယ်။ သူ့အဖေ Nils Torvalds ကလည်း EU က ပွဲတစ်ခုမှာ အဲ့ကိစ္စကို လူသိရှင်ကြားထုတ်ပြောပြီး NSA ရဲ့လုပ်ရက်ကို ကျားကန်ကန်ခဲ့တယ်။

ကျွန်တော်တို့အများသိကြတဲ့ စနိုးဒင်တို့၊ ဂျူလီယန်အာဆတ်တို့ဟာလည်း ဒီလှုပ်ရှားမှုပါ ပါဝင်ခဲ့ကြတယ်။ ကျွန်တော်တို့က သူတို့ရဲ့လုပ်ရက်ကိုပဲ မီဒီယာတွေကဖော်ပြလို့ သိခဲ့ပြီး နောက်ကွယ်ကအကြောင်းတွေကို မသိခဲ့ကြတာဖြစ်တယ်။ စနိုးဒင်တို့၊ ဂျူလီယန်အာဆတ်တို့ဟာ အမေရိကန် လစ်ဘာတာရီယမ်းလှုပ်ရှားမှုတွေနဲ့ သက်ဆိုင်ရာအမေရိကန် လစ်ဘာတာရီယမ်းပါတီတို့နဲ့ အနေနီးခဲ့သူတွေဖြစ်တယ်။

နိုင်ငံတော်နဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့သတင်မီဒီယာတွေအကြားက ငွေကြေးအကျိုးစီးပွားအရ ပူးပေါင်းပြီးလူထုအပေါ် ဖိနှိပ်မှုတွေကို မြင်ပြီး သူတို့နိုင်ငံတော်နဲ့ ဗဟိုအုပ်ချုပ်မှုတိုင်းကိုဆန့်ကျင်တဲ့ စမ်းသပ်မှုတွေအများကြီးလုပ်ခဲ့တယ်။
တကယ်တမ်းခြေရာကောက်ကြည့်ရင် စနိုးဒင်တို့၊ ဂျူလီယန်အာဆတ်တို့ရဲ့ လုပ်ဆောင်မှုကလည်း Nils Torvalds တို့ Linus Torvalds တို့နဲ့မကွာပါဘူး။ စနိုးဒင်ကလည်း အမေရိကန်အစိုးရရဲ့ လူထုအပေါ် သတင်းအချက်အလက်ခိုးယူစောင့်ကြည့်နေမှုကို ထုတ်ဖော်ပြတယ်။ ဂျူလီယန်အာဆတ်ကလည်း နိုင်ငံတော်အာဏာပိုင်တွေနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့သတင်မီဒီယာတွေအကြားက လက်ဝါးချင်းရိုက် သတင်းဖျောက်ဖျက်မှုတွေ၊ သတင်းထိန်ချန်မှုတွေကို ထုတ်ဖော်တယ်။
ပြောရရင် သူတို့ရဲ့ လုပ်ရှားမှုတွေဟာ ကျွန်တော်တို့ KDE လေးတင်ရိုက်၊ Gnome လေးတင်လိုက်နဲ့ လျှောက်ကလိဖို့ Linux ကို ဖန်တီးခဲ့တာမဟုတ်ပါဘူး။

ခုခေတ်ကျွန်တော်တို့သုံးနေတဲ့ Blockchain တွေ၊ Bitcoin တွေ၊ Crypto တွေဆိုတဲ့ အဲ့ဒီနိုင်ငံ‌ရေးအိုင်ဒီယိုလော်ဂျီအောက်က နိုင်ငံတော်နဲ့ကမ္ဘာ့ဘဏ်အပေါ် မယုံကြည်မှုကြောင့် Alternative ငွေကြေး စနစ်တစ်ခုကိုဖန်တီးခဲ့ကြမှုရဲ့ အသီးအပွင့်တွေပါပဲ။

တလောက Wikipedia ကိုတည်ထောင်သူ Larry Sanger က သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဘယ်လောက်အထိပြောသလဲဆို သူတည်ထောင်ခဲ့တဲ့ Wikipedia ဟာ အာဏာကိုလက်ဝယ်ရထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အဲ့ပါတီနောက်လိုက် တက္ကသိုလ်ပရော်ဖက်ဆာတွေအတွက် ဝါဒဖြန့်ပလက်ဖောင်းတစ်ခုဖြစ်နေပြီလို့ကို ပြောခဲ့ဖူးတယ်။ သူပြောတဲ့အတိုင်းနာမည်တပ်ပြောရရင် ဒီမိုကရက်ပါတီလို့ကို တည့်ပြောသွားတာပါပဲ။

နောက်ထပ်တစ်ခုက FOSS လှုပ်ရှားမှု၊ Free & Open Source Software ဆိုတဲ့ လှုပ်ရှားမှု။
ဒီလှုပ်ရှားမှုကကျ နိုင်ငံတော်အပြင် ကော်ပိုရိတ်တွေပါ တိုက်ခိုက်တဲ့ လှုပ်ရှားမှုပါပဲ။ FOSS နဲ့ Linux တို့မှာတူနေတာက ဘာလဲဆိုရင် Intellectual Property အပေါ် ဆန့်ကျင်တာပဲ။ ဒါကို တချို့က မင်းမဲ့ဝါဒဖခင်တစ်ဦးဖြစ်တဲ့ ပရူဒွန်းရဲ့ “Property is Theft” ဆိုတဲ့ဆိုရိုးနဲ့ချိတ်ဆက်ပြီး FOSS နဲ့ Linux တို့နောက်ကွယ်က GNU License ရဲ့ ဖခင် Richard Matthew Stallman ကိုပါ မင်းမဲ့ဝါဒီလို့ သတ်မှတ်တာရှိတယ်။ Richard Matthew Stallman က အဲ့တာကို ငြင်းဆိုပြီး သူက Libertarian တစ်ဦးသာဖြစ်ကြောင်း “Why We Need a State” ကိုရေးပြီး ပြန်ချေပတယ်။

error: Content is protected !!