ကြည့်စေချင်သော Political/Social Drama များ – (Uprising)

Movie Name: Uprising
Political affiliation: Korea, Japan, Anarchism, Populism, Uprising

 

ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် စစ်သည်တော် မိသားစုရဲ့ သားဖြစ်သူ ဂျုံလျော (Park Jeong Min) နဲ့သူတို့အိမ်က အစေခံဖြစ်တဲ့ ချွန်းယောင်း (Gang Dong Won) တို့ နှစ်ဦးဟာ ရန်သူတွေအဖြစ်ဆုံတွေ့ဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ဓားရေးမှာ ဘယ်သူမှ လိုက်မမီအောင် အထူးကျွမ်းကျင်တဲ့ ချွန်းယောင်းဟာအစေခံဘဝကနေ လွတ်မြောက်ဖို့အတွက် အားကုတ်အားခဲ ကြိုးစားနေပြီးဂျုံလျောကတော့ အစိုးရအမှုထမ်း စာမေးပွဲ အောင်မြင်ပြီးနောက်မှာဆွန်းဂျိုဘုရင်ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။အဆင့်အတန်းမတူညီတဲ့ ကျွန်တွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ဂျုံလျောဟာတစ်ခါတလေမှာ ဒီအချက်ကြောင့် အခက်ကြုံရတာမျိုးတွေ ရှိပါတယ်။ငယ်စဉ်က ခင်မင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ကိုရီးယား-ဂျပန် စစ်ပွဲအတွင်းမှာတော့တစ်ယောက်က ဆွန်းဂျိုဘုရင်ရဲ့ စစ်သည်တော် အဖြစ် နောက်တစ်ယောက်ကတော့သစ္စာခံ စစ်သည်တော်အဖြစ်နဲ့ ဓားချင်းယှဉ်တိုက်ဖို့ ဖြစ်လာခဲ့တဲ့အခါမှာတော့..ဂျိုဆွန်းခေတ် အင်ဂျင်းစစ်ပွဲအတွင်းက အားချင်းယှဉ်ကြမဲ့ တိုက်ကွက်တွေကိုနာမည်ကြီး သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

 

 

ဒီကားဟာတော့ အရင်ခေတ်ကတည်းက ဘုရင်အုပ်ချုပ်သူလူတန်းစားကို ဆန့်ကျင်တဲ့ အောက်ခြေလူတန်းစားတစ်ရပ်ရှိနေကြောင်းကို ပြဆိုတဲ့ သမိုင်းအခြေခံ ရုပ်ရှင်လေးတစ်ခုပါပဲ။
ဒီဇာတ်လမ်းသမိုင်းမှာဆိုရင်လည်း သာမန်လူထုကို ဘဝတစ်ခုလုံးစာ ဖိနှိပ်ခဲ့ရုံသာမက ဂျပန်တွေ ကျူးကျော်လာချိန် ကိုယ့်အားကိုယ်ကိုးခိုင်းပြီး ကိဒယ့်တာဝန်ကိုယ်မယူကြပဲ ထွက်ပြေးကြတဲ့ ဘုရင်အပါအဝင် အုပ်ချုပ်သူလူတန်းစားအကြောင်း၊ အဖိနှိပ်ခံကျွန်လူမျိုးစု၊ သာမန်ဆင်းရဲသားလူတန်းစားတို့ရဲ့ ဒေါသ၊ စတာတွေအပြင် သူပုန်ဖြစ်နေချိန်မှာ စနစ် နဲ့ ဘုရင်အုပ်ချုပ်သူလူတန်းစားအပေါ် သံယောဇဥ်မပျက်သူ စစ်သူကြီးရဲ့ အမှား၊ စတဲ့ ယူနိုင်ရင် ယူနိုင်သလောက် တွေးယူနိုင်မှာပါ။

 

ကြည့်ရန်- https://www.channelmyanmar.to/uprising-2024/

 

 

 

error: Content is protected !!