ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၂)

Moive Name: Jai Bhim
Political Affiliations: Social Justice / anti-caste
နောက်ကွယ်အကြောင်းအရာ: Indian Dravidians

“မရှိခိုးနိုး မလှစုန်းမျိုး” ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။

ရုပ်ရှင်ထဲက စကားစုအတိုင်းဆို “အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်”
“ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး”
ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ “ရဲ”ဆိုတဲ့လူတွေပဲပေါ့။

ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ ဆိုတာကို ခရေ့စေ့တွင်းကျ ရိုက်ပြထားပါတယ်။ လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရပါလိမ့်မယ်။

ဒီနေရာမှာတော့ ရုပ်ရှင်တို့ ထုံးစံအစား အဖိနှိပ်ခံ ကျောမွဲတို့အတွက် မားမားမက်မက် ရပ်တည်ပေးတဲ့ မင်းသားဟာ ရှေ့နေတစ်ယောက်ပေါ့။ ရှေ့နေတောင်မှ သာမန်ရှေ့နေမဟုတ်၊ သူ့ရှေ့နေ ရုံးခန်းမှာ Karl Marx ရုပ်ထုကြီးကို နောက်ခံထားရင်း ရုံးခန်းထဲက ပန်းချီကားချပ်တွေမှာ Tamil Nadu ပြည်နယ်မှာ ရှိတဲ့ အမျိုးသမီးထု၊ မတူကွဲပြားတဲ့ လိင်ဖြစ်တည်မှုတွေနဲ့အတူ ဘာသာမဲ့ လွတ်လပ်စွာတွေး‌ခေါ်တတ်သူတွေနဲ့ ကျောမွဲ ဇာတ်နိမ့် Dravdian တွေရဲ့ ကယ်တင်ရှင်လို့ အတင်စားခံရလေ့ရှိတဲ့ ကျွန်တော် သိပ်အားကျတဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ ကွန်မြူနစ်တွေးခေါ်ပညာရှင်ကြီး Periyar Ramasamy နဲ့ ဇာတ်နိမ့်တွေအတွက် မားမားမက်မက် ရပ်တည်ပေးခဲ့တဲ့ အိန္ဒိယဇာတ်နိမ့်တွေရဲ့ ဖခင်လို့ တင်စားခေါ်ဝေါ်လောက်တဲ့ Dr. Ambedkar တို့ရဲ့ ပုံတွေကို ချိတ်ဆွဲထားတတ်တဲ့ ရှေ့နေတစ်ယောက်။

ဒီဇာတ်ကားလေးမှာ ကွန်မြူနစ်ဝါဒ မဟုတ်တဲ့ ကွန်မြူနစ်အတွေးအခေါ် ဆိုတာ ဘာလဲဆိုတာကို ခင်ဗျားတို့ တွေ့ထိမိနိုင်လိမ့်မယ်။ ကျောမွဲတွေရဲ့ ဘဝဟာ “ရဲ” ဆိုတဲ့ အထက်ဖား အောက်ဖိ လူတန်းစားရဲ့ ပြုသမျှ နုရတဲ့ ဘဝ၊ ရဲဆိုတဲ့ အလုပ်ဟာ လုပ်သားထုရဲ့ သစ္စာဖောက် ဖြစ်တည်မှုသာ ဖြစ်တယ်၊ အကာအကွယ်မဲ့ ပြည်သူတွေကို မကာကွယ်ပဲ ဗျူရိုကရေစီစနစ်အလိုကျ အာဏာရှိသူ အလိုကျ နင်းပြားဘဝက သာမန်ပြည်သူတွေနဲ့ လုပ်သားထုလူတန်းစားကို ဘယ်လိုနှိပ်စက် အနိုင်ကျင့်တယ် ဆိုတာကို မြင်တွေ့ရလိမ့်မယ်။

ဇာတ်ကားဒေါင်းရန် – https://channelmyanmar.org/jai-bhim2021/

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

error: Content is protected !!