ကြည့်စေချင်သော Political Drama/Series များ အပိုင်း(7)

Movie name – V for Vendetta
Political Affiliations: Anarchism
နောက်ကွယ်အကြောင်းအရာ – UK Parliament

V for Vendetta ဟာ မင်းမဲ့ဝါဒအပေါ် အခြေခံထားတဲ့ Matrix ရုပ်ရှင်ဇာတ်ကား ဖန်တီးသူ TIL Larry Wachowski ၏ လက်ရာတစ်ခုပေါ့၊

ရှုပ်ထွေးလှတဲ့ ဗျူရိုကရေစီယန္တရားကြားထဲ မသိမှုများစွာနဲ့ နေ့စဉ်ဘဝမှာ ပိတ်မိနေကြတဲ့ ပြည်သူတွေကြားထဲမှာ လူတစ်ဦးဟာ အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်လာခဲ့တယ်။

ကမ႓ာကျော် ဟက်ကာအဖွဲ့ Anonymous အဖွဲ့၏ သရုပ်တစ်ခုလည်းဖြစ်၊ လွတ်လပ်စွာ ရပ်တည်မှု အတွေးအခေါ်၏ ပြရုပ်လဲဖြစ်တဲ့ Fawkes Mask နဲ့လူတစ်ယောက်ရဲ့ နိုင်ငံပိုင်အစိုးရရဲ့ ဝါဒဖြန့်မှုကြား နစ်မြုပ်နေတဲ့ ပြည်သူတွေကို ဆွဲဆောင်ရင်း လုပ်သွားရတဲ့ တော်လှန်ရေးလေးတစ်ခုအကြောင်း။

အကြောက်တရားဟာ အခြေခံလူ့သဘောသဘာဝဖြစ်ပြီး အမြဲတမ်း အာဏာပိုင်စိုးသူတို့ရဲ့ ပြည်သူအပေါ် ထိန်းချုပ်မှုနည်းလမ်းအဖြစ် အသုံးချခံခဲ့ရတယ်။ Dark Knight ဟာ လူတို့၏ ပြုမူပုံအပေါ် အမြင်ကို ပေးမည်ဆိုပါက၊ V for Vendetta ဟာ ၎င်းတို့ မည်သို့ အမြတ်ထုတ်ခံရလေ့ရှိတယ်ဆိုတာကို မြင်ရစေမယ့် ရှုထောင့်တစ်ခု ပါပဲ။

လွတ်လပ်မှုရဲ့အရသာ၊ တော်လှန်ရေးဟာ လူမှာမတည်၊ အတွေးအခေါ်အိုင်ဒီယာတစ်ခုဖြစ်လို့ မသေနိုင်ပဲ ကျည်ဆံပြီးတဲ့ အတွေးအခေါ်ကို ထည့်သွင်းရိုက်ပြထားသလို အစိုးရဆိုတာကို လူထုက ကြောက်ရမှာမဟုတ်ပဲ အစိုးရကသာ လူထုကို ကြောက်သင့်တာ ဖြစ်ကြောင်းကို တင်ပြထားတဲ့ ရုပ်ရှင်တစ်ခုပေါ့။

ဒီကားလေးမှာတော့ အစိုးရတိုင်းရဲ့ဖြစ်တည်မှု (အထူးသဖြင့် လူထုကို ရန်သူလို သဘောထားတဲ့ ဖက်ဆစ်အစိုးရတစ်ခု) ကို ဆန့်ကျင်ထားတဲ့ လက်ဝဲ Libertarian ဝါဒ၊ မင်းမဲ့ဝါဒ Anarchism တို့ရဲ့အတွေးအခေါ်နဲ့ လုပ်ရပ်များကို ဝေဝေဆာဆာတွေ့မြင်ရမှာဖြစ်တယ်။

ခေါင်းဆောင်မရှိသော လူ့အဖွဲ့အစည်း၊ အစိုးရမရှိတော့သော ကမ္ဘာမှာ နေထိုင်လိုသူတိုင်း မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားလေးတစ်ခုပါ။

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

error: Content is protected !!