Movie Name: Bitter Harvest
Political Affiliations: Ukarine, Soviet, Russia, Colonialism, Red fascism, Stalinism, Marxism-Leninism, Authoritarian, Peoples’ Revolution against Bolsheviks
ဒီကားလေးက ကွန်မြူနစ်အာဏာရှင် စတာလင်ရဲ့ ဘော်ရှီဗစ်ဖက်ဆစ်နီတွေ ယူကရိန်းဒေသကို အတင်းအဓမ္မသိမ်းယူပြီး ရုရှားနိုင်ငံတစ်ခုတည်းအဖြစ် မှတ်ယူဖို့ ကြိုးစားတဲ့ နယ်ချဲ့ဘော်ရှီဗစ်ဝါဒကို ယူကရိန်းဒေသရဲ့ တောင်သူလယ်သမားတွေက ရရာလက်နက်ဆွဲကိုင်ပြီး ပြန်လည်ခုခံခဲ့တဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။
အဓိကဇာတ်လမ်းကတော့ ယူကရိန်းနိုင်ငံသားလေး ယူရီ ရဲ့ ဘဝဇာတ်ကြောင်းလေးဖြစ်ပါတယ်။
သူရဲ့ လက်အောက်ခံဖိနှိပ်ခံဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအတွေ့အကြုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ နာတာလ်ကာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်လူတွေပြောပြောနေကြတဲ့ မြင်မြင်ချင်းအချစ်ပေါ့။ ယူရီတို့နေတဲ့ရွာဟာ ယူရီ ငယ်စဉ်ကလေးကတည်းက ‘ဇာ’လို့ခေါ်တဲ့ ရုရှားလူမျိုးဘုရင်ရဲ့ လက်အောက်ခံဘဝမှာနေခဲ့ရပါတယ်။
နောက် သူအရွယ်ရောက်လာတဲ့ အခါမှာတော့ ‘ဇာ’ဟာ ဘော်ရှီဗစ်တွေ သတ်တာခံလိုက်ရပါတယ်။ “ဇာ” ဘုရင်မရှိတော့တာကြောင့် လက်အောက်ခံဘဝကလွတ်မြောက်သွားတဲ့သဘောပေါ့။
ဒါပေမယ့် မကြာခင်မှာပဲ ဘော်ရှီဗစ်ဆိုဗီယက်တွေဟာ ယူကရိန်းဒေသရဲ့ လွတ်လပ်စွာဖြစ်တည်ခွင့်ကို တန်ဖိုးမထား မလေးစားတော့ပါပဲ ဇာဘုရင်ကဲ့သို့ ကျွန်ပြုနယ်ချဲ့ဖို့အတွက် ယူကရိန်းဒေသကို တိုက်ခိုက်လာပါတော့တယ်။
ယူရီဟာ ပန်းချီအနုပညာပါရမီပါတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ပါရမီနဲ့နိုင်ငံ့အတွက် လွတ်လပ်မှုကိုရယူနိုင်ရန် ကီရပ်မှာရှိတဲ့သူ့သူငယ်ချင်းတွေဆီ လွတ်လပ်ရေးအတွက် အတူတိုက်ခိုက်ဖို့ ရွာကနေထွက်သွားခဲ့ပါတယ်။
ယူရီဟာသူ့ရဲ့ပါရမီကိုအသုံးချပြီး သူလိုချင်တဲ့လွတ်လပ်မှုကို အရယူနိုင်မှာလား…သူဘာတွေကြုံတွေ့ရဦးမှာလဲရွာမှာကျန်ခဲ့တဲ့ နာတာလ်ကာနဲ့ရော ပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာတော့ ဒီကားလေးမှာစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။