Movie Name: Faith Makes Great
Political Affiliations: China, Marxism, Communism, Chinese Communist Party, Communist Menifesto
ဒီတစ်ခါကတော့ Series လေးပါ။ Series ကိုယေဘူယျပြောရရင်တော့ ဒီနေ့ခေတ် စီးပွားရေးအင်အားကြီးတဲ့ တရုတ်နိုင်ငံရယ်လို့ ဖြစ်လာစေဖို့ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခဲ့ဖူးသူတွေကို အသိအမှတ်ပြုပြီး သမိုင်းမော်ကွန်းတင်ထားတဲ့ ဇာတ်လမ်းတွဲလေးပဲ။
ကွန်မြူနစ်ကြေညာစာတမ်းကို တရုတ်ဘာသာပြန်ဆိုခဲ့တဲ့ Chen Wangdao တို့လို ပုဂ္ဂိုလ်ကြီးတွေကစလို့ နောက်ဆုံး သာမန် မိုင်းတွင်းအလုပ်သမားလေးတွေနဲ့ စစ်သည်တပ်သားအဆင့်အထိကိုကို မော်ကွန်းတင်အသိအမှတ်ပြုထားတဲ့ ဇာတ်လမ်းတွဲလေးပဲ။ ဇာတ်လမ်းတွဲလေးရဲ့ အပိုင်း(၁) ပိုင်းဆီက အဲ့လိုလူမျိုး တစ်ဦးဆီကို ကိုယ်စားပြုတယ်။
Series လေးဆိုပေမယ့် ကျနော်ကတော့ အပိုင်း(၁) ကိုပဲ အညွှန်းရေးပေးချင်တယ်။
တရုတ်ပြည်ရဲ့ တောင်နဲ့မြောက်မှာ ကွန်မြူနစ်ပါတီတွေထောင်ဖို့ တရုတ်ပြည်ရဲ့မာ့က်စ်ဝါဒဖခင်ကြီး Li Dazhao နဲ့ တရုတ်ပြည်ရဲ့လီနင် Chen Duxiu တို့ဟာ စတင်ကြိုးပမ်းနေကြပြီ။ ဒီအချိန်မှာ Chen Wangdao တစ်ယောက် ကွန်မြူနစ်ကြေညာစာတမ်းကို တရုတ်ဘာသာစတင်ပြန်ဆိုခဲ့တယ်။ Chen က ဘာသာပြန်နေရင်း အလွန်အာရုံစိုက်နေမိခဲ့တာကြောင့် မုန့်ကို သကြားအညိုရောင်ရေမဟုတ်ဘဲ မှင်ထဲနှစ်မိတဲ့အထိပဲလို့ သမိုင်းစာပေတွေမှာ ဆိုကြတယ်။ အဲ့တာကို ဒီဇာတ်လမ်းတွဲလေးက အမိအရပြသွားတယ်။
1920 ခုနှစ် သြဂုတ်လမှာ Chen Duxiu က Fuxing Road M. မှာ Chen Wangdao အတွက် အိမ်တစ်လုံးငှားပြီး Youxin ဟုခေါ်တဲ့ ပုံနှိပ်စက်ငယ်တစ်ခုကို လျှို့ဝှက်တည်ဆောက်ရင်း “ကွန်မြူနစ်ကြေငြာစာတမ်း” အမည်ဖြင့် ပထမဆုံးအကြိမ်ထုတ်ဝေမည့် စောင်ရေ 1,000 ရှိသော စာအုပ်များ ထုတ်ဝေခြင်းလုပ်ငန်းစဥ်ကို ကြီးကြပ်ကြတယ်။ မှတ်မှတ်ရရ စာအရေးအသားက စာအုပ်ခေါင်းစဥ်မှာ မှားသွားသေးသတဲ့။
Chen Wangdao နဲ့ပတ်သတ်တဲ့အကြောင်းကို Leftist Youth Organisation – Yangon University page မှာလည်း ကျနော် ရေးဖူးတာမို့ သွားရောက်ဖတ်ရှုလို့ရပါတယ်။
– https://m.facebook.com/story.php?story_fbid=pfbid0qNx5KRPKWrDpjrTRBQhr96i6YHQxp8x8RWiqxaSkMjguwReiEK2rTgovQmDSmrDYl&id=106280520919430&mibextid=qC1gEa
တခြားအပိုင်းတွေမှာလည်း စိတ်ဝင်စားစရာတွေအများကြီးပါတာမို့ အပိုင်းတိုင်းကနေ လေ့လာသင်ယူစရာတွေ ရမယ်လို့မျှော်လင့်ပါတယ်။
မှတ်မှတ်ရရ ကျတော်ကတော့ ကျန်တာတွေထဲမှာဆို အပိုင်း(၉) လေးလည်း တော်တေ်ာသဘောကြတယ်။