ကြည့်စေချင်သော Political/Social Drama များ အပိုင်း-(၃၃)

Movie Name: The Believer (2001)
Political affiliation: Antisemitism, Neo-Nazi, Right wing populism, Accerlerationism

နာဇီတွေဟာ ဂျူးမုန်းတီးရေးဝါဒနဲ့နာမည်ကြီးပါတယ်။

ဒီတော့ ဂျူးတစ်ယောက်ဟာ နာဇီတစ်ယောက်၊ ခေတ်သစ်နာဇီအုပ်စုတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ဆိုရင် အဓိပ္ပါယ်မရှိဘူးထင်ကြမှာပါ။

ဒီကားလေးမှာတော့ “Drive” ရုပ်ရှင်ထဲက Psychopath ဇာတ်ရုပ်နဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား Ryan Gosling ကို ဂျူးမုန်းတီးရေး ပြင်းပြတဲ့ ဂျူးလူမျိုး နာဇီတစ်ဦးအနေနဲ့ မြင်ရမှာပါ။

ဒီကားလေးမကြည့်ရသေးရင် အောက်ကစာကို ဆက်မဖတ်စေချင်ပါဘူး။

ငယ်ငယ်ကတည်းက ဂျူးဘာသာရေးခံယူချက်တွေ၊ ဂျူးသီအိုလိုဂျီတွေအပေါ် သံသယရှိခဲ့ပြီး အားမလိုအားမရဖြစ်နေခဲ့သူ ဂျူးတစ်ယောက်ဟာ ဒီအားမလိုအားမရဖြစ်စိတ်နဲ့ မုန်းတီးစိတ်တို့ရောထွေးသွားတဲ့အခါဖြစ်လာတဲ့ ဝေခွဲမရမှုတွေ၊ accelerationism ကျင့်သုံးမှုတွေကို တွေ့ရမှာပါ။

ရာစုပေါင်းများစွာ ပုံသဏ္ဍာန်မျိုးစုံပြောင်းပြီး ဆက်လက်ရှင်သန်လာခဲ့တဲ့ ဂျူးမုန်းတီးရေးဝါဒရဲ့ အသက်ပြင်းမှုအကြောင်းတွေ၊ အစ္စရေးဖြစ်တည်မှုနဲ့ပတ်သတ်လ်ု့ိ ဂျူးတွေအချင်းချင်းအကြားမှာရော နာဇီတွေအချင်းချင်းအကြားမှာရော အမြင်ကွဲမှုတွေ၊ စတာတွေကို လေ့လာနိုင်မှာပါ။

အစ္စရေး-ပါလက်စတိုင်းကိစ္စဖြစ်နေချိန်မှာ ပုံစံအသစ်တစ်မျိုးနဲ့အသွင်းပြောင်းရှင်သန်နေတဲ့ ဂျူးမုန်းတီးရေးဝါဒကို ကောင်းကောင်းနားလည်နိုင်ဖို့ စာအကြီးကြီးတွေ ဖတ်ဖို့ခက်ခဲသူတွေအတွက် ဒီရုပ်ရှင်လေးက ဗဟုသုတဖြစ်စေပြီး တွေးစရာရစေမှာပါ။

error: Content is protected !!