ကြည့်စေချင်သော Political/Social Drama များ အပိုင်း(5)

The Silent Revolution
Political Affiliations: Socialism, Anti-Stalinism, Red Fascism.
နောက်ကွယ်အကြောင်းအရာ – Germany, Soviet Union.

ဒီနေ့က မြန်မာပြည်သူတွေက Silent Strike လုပ်ကြတယ်ပေါ့။ Silent Strike အပေါ် ကျွန်တော်ဘယ်လိုမြင်လဲ ဘာညာ စတာတေွ ပြောမနေချင်ဘူး။ ကျွန်တော်ကတော့ လက်နက်ကိုင်တိုက်လို့ရလာတဲ့ ရလဒ်ကိုပဲ ယုံတယ်။ ဘယ်လိုပဲဆိုဆို ဒီနေ့ Silent Strike ဆိုတာလေး တစ်ခု ဖြစ်လာဖို့ အရိုက်အနှပ်အသတ်အပုတ်ခံ၊ ထောင်သွင်းအကျဥ်းချခံ၊ နောက်နေ့ အရင်းမရှိတော့လောက်တဲ့အထိ အနေအထားမျိုးနဲ့ထိ ‌ပေးဆပ်နေတဲ့သူတွေ ရှိတော့ သူတို့ရဲ့ Struggle ကို အသိအမှတ်မပြုရင် ကျွန်တော်ဟာ လူဟုတ်ပါ့တော့မလားလို့ တွေးမိပြန်တယ်။

ကျွန်တော်တို့ မြန်မာတွေ Silent Strike လုပ်သမျိုးပဲ ၁၉၅၆ မှာ ဟန်ဂေရီက ဆိုရှယ်လစ်ကျောင်းသားတစ်စုဟာ ကွန်မြူနစ်အမည်ခံ အ‌ရှေ့ဂျာမဏီ ဆိုရှယ်လစ်အစိုးရနဲ့ နယ်ချဲ့ရုရှားကွန်မြူနစ်အစိုးရတို့ကို Silent Revolution ဆိုတဲ့ သပိတ်တစ်ခု ဆင်နွှဲခဲ့တယ်။ အဲ့ခေတ်မှာ အနောက်တိုင်း ဝါဒဖြန့်မှုတွေ၊ ဖက်ဆစ်ဝါဒ ဆောင့်တက်နေမှုတွေနဲ့ လက်ဝဲဖက်ဆစ်ဝါဒ စတာလင်ဗျူရိုကရေစီယန္တရားအောက်က အာဏာရှင်လက်ပါးစေတွေရဲ့ ဖိနှိပ်မှုတွေကြားမှာ သူတို့ရဲ့ ဘဝတွေဟာ စာသင်ခန်းထဲ တစ်မိနစ်‌လောက် နှုတ်ဆိတ်ပြီး ဆန္ဒပြမိရုံနဲ့ နိုင်ငံတော်ပုန်ကန်မှုလို့ သတ်မှတ်ခံခဲ့ရပြီး အရှေ့ဂျာမဏီမှာ တက္ကသိုလ်တက်ခွင့် ပယ်ဖျက်ခံခဲ့ရတယ်။

ဒီ့အပြင် ရုရှားကွန်မြူနစ်ဖက်ဆစ်တွေဟာ သူတို့ကို ထောက်လှန်း‌ရေးစစ်ဆေးနည်းတွေနဲ့ လိမ်လည်လှည့်ဖျားပြီး ရန်တိုက်ပေးတဲ့ နည်းလမ်းတွေနဲ့ ဖိအားပေးခဲ့ကြသလို နည်းအမျိုးမျိုးနဲ့ စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင်တိုက်ခိုက်ခဲ့ကြတယ်။ ဒီကျောင်းသားတွေဟာ ဒီလို ဗျူရိုကရေစီယန္တရားက ထောက်ပံ့နေတဲ့ တန်ခိုးအာဏာတွေနဲ့ သူတို့ကို ဖိနှိပ်နေတဲ့ ရုရှားကွန်မြူနစ်ဖက်ဆစ် ဝန်ကြီးနဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေကို ဘယ်လို တွန်းလှန်ခဲ့ကြသလဲ။ ဘယ်လိုပုန်ကန်ရင်း နောက်ဆုံး ဘယ်လို အဆုံးသတ်သွားခဲ့သလဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်လေးကနေ တစ်ခုခု takeaway မဖြစ်မနေ ရစေချင်တာကတော့ အာဏာပါဝါကို ပြည်သူ့ဆန္ဒမပါပဲ ပြည်သူ့ကောင်းကျိုးအတွက် ဆိုပြီး အကြောင်းပြလုယူရယူပြီး အာဏာရှိလာတဲ့သူတွေဟာ ဘယ်အယူအဆ၊ ဘယ်အယူဝါဒကို ကိုင်စွဲထားသည်ဖြစ်စေ ဖက်ဆစ်တွေလိုသာ ပြုမူတတ်ကြတယ်ဆိုတာလေးပါပဲ။

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

error: Content is protected !!