ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၄)

Rohingya (2021)
Political Affiliations: Racism, Terrorism, Humanism
နောက်ကွယ်အကြောင်းအရာ – Myanmar, Bangladesh

အစကတော့ အပိုင်း(၄) ကို ချန်ထရာဘို့စ်အကြောင်း ရုပ်ရှင်ရေးတင်ပေးဖို့ပဲ။ ခုက SRT ဖိုင်ပျောက်နေလို့ နောက်တစ်ကား ပြောပါ့မယ်။

Rohingya ဆိုတဲ့ ဇာတ်ကားလေး၊ အိန္ဒိယက ရိုက်ထားတာ။ အိန္ဒိယ‌ ထောက်လှမ်းရေးက ရခိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နယ်နမိတ်တွေမှာ ကျင်လည်နေတဲ့ အကြမ်းဖက်အာဆာအဖွဲ့ ARSA အဖွဲ့နဲ့ ပတ်သတ်ပြီး စစ်ဆင်ရေးလုပ်တဲ့အကြောင်းပါ။

ရိုဟင်ဂျာလူမျိုးစုတွေ နယ်မြေအသီးသီးမှာ ခံစားရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခံစားရတဲ့ ဒုက္ခတွေကိုလည်း ပြသနိုင်တဲ့အပြင် အတွင်းပိုင်းလူမျိုးစုတွေထဲက ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ဖော်ပြနိုင်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ။

ဇာတ်လမ်းထဲက မင်းသမီးရဲ့ညီမရဲ့ သူတို့ကယ်ထုတ်ဖို့ တောင်းဆိုတဲ့ အခန်းကလည်း တကယ်သနားဖို့ကောင်းတယ်။ UN က လူ့ပေါ်ကျော့တွေ၊ NGO တွေက စီးပွားရေးသမားတွေရဲ့ လိမ်လုံး၊ ဖြီးလုံးတွေအောက်ကနေ ဘာမှမထူးခြားလာတဲ့ သူ့ဘဝကို လာကယ်ဖို့၊ အသက်ရှင်ရဖို့ ဘာမဆိုလုပ်ပေးပါမယ်ဆိုတဲ့ စကားမျိုးဟာ တော်ရုံ ဒုက္ခကြုံနေရတဲ့ လူတစ်ယောက်နှုတ်က ထွက်မလာပါဘူး။

၂၀၁၂ ဝန်းကျင် မသီတာထွေးကိစ္စကတည်းက အဲ့ဒီမီးဟာ မြို့ပေါ်မှာနေတဲ့ ကိုယ့်အပေါ်တောင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုဒဏ်တွေ ဟာဟပ်တာမို့ သူတို့ရဲ့ အဖိနှိပ်ခံရမှုအတွက် တတ်နိုင်သမျှ အမြဲရပ်တည်ပေးခဲ့တယ်။ အဲ့တုန်းကတည်းက အမြဲတမ်း ငြင်းခုန်ခဲ့ရတယ်။

ဒီလို သူတို့အတွက် စာနာစိတ်နဲ့ ရပ်တည်ပေးခြင်းဟာ ၂၀၁၇ ဝန်းကျင် နိုင်ငံတကာမူဆလင်အဖွဲ့အစည်းတွေက ဒီကိစ္စအပေါ် သူတို့နိုင်ငံရေးအတွက် အမြတ်မထုတ်ခင် အထိပေါ့။
ဒီပို့စ်ကတော့ ရိုဟင်ဂျာနဲ့ ပတ်သတ်လို့ သူတို့ဖက်က လိုက်ပြီး (၂၀၁၇ နောက်ပိုင်း) သိပ်မပြောဖြစ်တဲ့ ကျွန်တော့်အတွက် သူတို့ဖက်ကနေ စာနာစိတ်ကို ခံစားလာရအောင် ပြန်လည်လှုံ့ဆော်ပေးတဲ့ နောက်ဆုံးပို့စ်ပဲ ဖြစ်ပါမယ်။

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

error: Content is protected !!