ကြည့်စေချင်သော Political Drama/Series များ အပိုင်း(၉)

Movie name: Chakravyuh
Political Affiliations: Communism/Maoism
နောက်ကွယ်အကြောင်းအရာ – Naxalite

ဒီကားလေးကတော့ ညီအစ်ကိုအရင်းလို ချစ်ကြတဲ့ လူငယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကနေ စတင်ထားတယ်။

တစ်ယောက်က organized ဖြစ်တဲ့ အမျိုးအစား၊ အစီအစဉ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပုံသေတွက်ဆမှုတွေကို အမှန်ထင် ချင့်ချိန်တတ်သူတစ်ဦး။

နောက်တစ်ဦးကတော့ စိတ်ကူးဉာဏ်ကွန့်မြူးမှုနဲ့အတူ နှလုံးသားရဲ့ခံစားမှုက ပေးတဲ့ အမိန့်ကိုသာ နာခံတတ်သူ စိတ်ကူးယဉ်သမား၊ အဲ့အပြင်ကို သူဟာ အမိန့်တွေ၊ စည်းမျဉ်းတွေကို မုန်းတီးသူတစ်ဦး သင်းကွဲတစ်ယောက်။

နှစ်ဦးအတူတူ ရဲသင်တန်းတက်ခဲ့ပေမယ့် တစ်ဦးပဲအရာရှိဖြစ်ခဲ့ပြီး နောက်တစ်ဦးက သူ့ရဲ့ personality ကြောင့် ထွက်ခဲ့ရပီး စီးပွားရေးသမားဖြစ်ခဲ့ရတယ်။

မဆုံတော့တဲ့သူငယ်ချင်းနှစ်ယောက် ဆုံရာကနေ သင်းကွဲဟာ အသွင်ယူစပိုင်ဖြစ်လာဖို့ အကြောင်းဖန်လာတယ်။

ဒီကားလေးထဲ လက်ရှိရှိနေတဲ့ ကော်ပိုရိတ်ဝါဒ၊ ဂလိုဘယ်ဓနရှင်ဝါဒနဲ့ အကျင့်ပျက်ချစားမှုတွေကို ပါလီမန်နည်းလမ်းနဲ့ ဘယ်လိုမှ ပြင်လို့မရနိုင်တော့ဖူးဆိုတာကို ပြထားတယ်။

နိုင်ငံကြီးတိုးတက်စေမယ့် စီးပွားရေးပရောဂျက်လုပ်မယ်ဆိုလိုက်တိုင်း ကျောမွဲတွေ၊ ဇာတ်နိမ့်တွေရဲ့ ဘဝတွေဟာ ရှိနေတဲ့ အိမ်ခြေအိမ်ရာလေးပါ ပျောက်ကြရတယ်။ တချို့ဆို အသက်တွေပါ ပျောက်ကြရတယ်။ ဒီလူတွေအတွက် မားမားမတ်မတ်ရပ်တည်မယ့် လူတစ်စုဟာ ဒေသတစ်ခုမှာ ပေါ်လာခဲ့တယ်။ သူတို့ဟာ အိန္ဒိယကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ကိုယ်စားပြုခဲ့တဲ့ Naxalites တွေလို့ ခေါ်တဲ့ သူပုန်တွေပဲဖြစ်တယ်။

သငါးကွဲမင်းသားတစ်ယောက် အစပိုင်းကတော့ နိုင်ငံတော်နဲ့ သူငယ်ချင်းအတွက် အလုပ်လုပ်ရင်း စပိုင်လုပ်နေခဲ့ပေမယ့် တကယ်ပေးဆပ်နေတဲ့ naxalites တွေရဲ့ အသက်တွေ၊ သွေးတွေနဲ့ လူးနေတဲ့ စေတနာမေတ္တာနဲ့ ဒေါသတရားတွေကို နားလည်တာနဲ့အမျှ နိုင်ငံတော်အပေါ်ချစ်စိတ်၊ သူငယ်ချင်းပေါ် ချစ်စိတ်တွေထက် သူ့နှလုံးသားဟာ ဒီဇာတ်နိမ့်တွေရဲ့ ဘဝနဲ့ ဒီပေးဆပ်သူ သူပုန်တွေရဲ့ အနစ်နာခံမှုတွေကို ပိုစာနာမိလာတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ သူဟာ သူပုန်တွေဖက်က ရပ်တည်လေမလား။ ဒါမှမဟုတ် သူသူငယ်ချင်းနဲ့ နိုင်ငံတော်အတွက်ပဲ အလုပ်ဆက်လုပ်မလားဆ်ိုတာကို ဆက်လက်ကြည့်ရှုရမှာပဲ။

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

error: Content is protected !!