ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(၁၁)

Name: I am not your Negro
Political Affiliations: Black Struggle, Civil Right Movement, Socialism, United States, Political Incorrectness

အမေရိကန် Civil Rights Movement မှာ ကျော်ကြားတဲ့ တက်ကြွလှုပ်ရှားသူတွေ အများကြီး ပေါ်ထွန်းခဲ့တယ်။ လူတွေအသိများတဲ့ထဲတော့ Martin Luther King နဲ့ Malcom X တို့ရှိကြတယ်။ သူတို့က ဘာလို့ကျော်ကြားသလဲဆို Martin Luther King က ခရစ်ယာန်ဘာသာကျောထောက်နောက်ခံကလာတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး Malcom X ကလည်း အစ္စလာမ်ဘာသာကျောထောက်နောက်ခံကလာတဲ့ အမျိုးသားတစ်ဦးဖြစ်တာကြောင့်ပါ။

ဒီနေရာမှာ အရှေ့ကနှစ်ယောက်လုံးထက် ပိုပြီး နိုင်ငံရေးခံယူချက်အရဖြစ်စေ၊ လူမျိုးရေးခံယူချက်အရဖြစ်စေ ပိုပြီး radical ဖြစ်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ James Baldwin ကိုတော့ လူသိနည်းကြတယ်။ သူက အမျိုးသားတစ်ဦးဖြစါပေမယ့် ဂေးလ်တစ်ဦး ဖြစ်ပြီး အမျိုးသား၊ အမျိူးသမီးလိင်ဖြစ်တည်မှုနှစ်ခုလုံးကို ချစ်မြတ်နိုင်သူဖြစ်တယ်။ သူဟာ လက်ဝဲစွန်းဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်ပြီး ဘုရားမဲ့ရုပ်ဝါဒီတစ်ဦးလည်းဖြစ်တယ်။

သူဟာ လူမျိုးရေးခွဲခြားတဲ့ စကားစုနဲ့ပတ်သတ်လို့ ဒီလိုဆိုခဲ့တယ်။
What white people have to do is try and find out in their own hearts why it is necessary to have a ‘nigger’ in the first place, because I’m not a nigger. I’m a man. But if you think I’m a nigger, it means you need it.
~ James Baldwin

ဆိုလိုတာက မင်းတို့က အဲ့အသုံးအနှုန်းကိုသုံးတာ မင်းတို့အတွက်လိုအပ်လို့ဖြစ်တယ်။ ငါဟာ လူသားတစ်ဦးသာဖြစ်တယ်ဆိုတာပဲ။ မင်းတို့အဲ့အသုံးအနှုန်းကို သုံးတာ၊ မသုံးတာ ငါ့ပြဿနာမဟုတ်ဖူး ဆိုတာမျိုးပဲ။

ကျွန်တော့်အနေနဲ့တော့ လက်ဝဲစွန်း Marxist တစ်ဦးအနေနဲ့ Martin Luther တို့ Malcom X တို့ထက် James Baldwin ရဲ့ လူတန်းစားအမြင်၊ လူမျိုးရေးအမြင် မျှတတဲ့ သဘောတရားတွေကို ပိုနှစ်သက်သလို သူကိုယ်တိုင်က Intersection တွေစုဝေးရာ အဖိနှိပ်ခံဖြစ်တည်မှုမှာ ရှိနေသူဖြစ်တာကို သဘောကျတယ်။

ကိုယ်တိုင်လည်း လူများစုလူမျိုးကြီးဝါဒတစ်ခု ကြီးစိုးရာ ဒေသတစ်ခုမှာ ကြီးပျင်းခဲ့သူ သွေးနှောတစ်ဦးဖြစ်တာရယ်၊ လူမျိုးရေးသီးသန့်ကြည့်တတ်သူ လစ်ဘရယ်ကြောင်မဟုတ်ပါပဲ လက်ဝဲဝါဒအရ လူတန်းစားရှုထောင့်နဲ့ ရုပ်ဝါဒရှုထောင့်ကပါ သုံးသပ်လေ့ရှိသူဖြစ်တာကြောင့် James Baldwin ရဲ့
ရေးဖူးတဲ့စာအုပ်တွေထဲ Notes of a Native Son တို့ Nobody knows my name တို့ Conversation with James Baldwin တို့ The Amen Corner တို့ Nothing Personal တို့ကို အရမ်းသဘောကျပါတယ်။

တကယ်ကို လေ့လာစရာတွေ အများကြီးရမယ့် documentary ဇာတ်လမ်းလေးပါ။

error: Content is protected !!