Movie Name: If Beale Street Could Talk
ဒီဇာတ်လမ်းဟာ James Baldwin ရဲ့ 1974 ခုနှစ်မှာ ထုတ်ခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားသော ဇာတ်လမ်းဖြစ်တယ်။
Political Affiliations: Black Struggle, Civil Right Movement, Racism, United States, Political Incorrectness, Social Justice
ဇာတ်လမ်းအကျဥ်း
အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ကိုယ်ဝန်ကို လွယ်ထားရတယ်။
သူမနှင့်သူမ၏မိသားစုဟာ သူမရဲ့ငယ်သူငယ်ချင်းလည်းဖြစ်၊ ချစ်သူလည်းဖြစ်သောသူ မကျူးလွန်ခဲ့သော ရာဇ၀တ်မှုတွင် အပြစ်မရှိကြောင်းကို သက်သေပြရန် ကြိုးပမ်းခဲ့တယ်။
ညတစ်ညတွင် Tish ဆိုသော လူမည်းအမျိုးသမီးတစ်ဦးသည် လူဖြူအများစုကျင်လည်သော ကုန်စုံဆိုင်မှာ စျေးဝယ်နေတုန်း အမျိုးသားတစ်ဦး၏ နှောင့်ယှက်ခံခဲ့ရသည်။ ထိုအမျိုးသားသည် သူမအား စတင်နှိပ်စက်သောကြောင့် Fonny မည်သော လူမည်းအမျိုးသားက ထိုအမျိုးသားကို စတိုးဆိုင်မှ တွန်းထုတ်လိုက်သည်။ အနီးနားရှိ လူဖြူရဲအရာရှိတစ်ဦးဖြစ်သည့် အရာရှိဘဲလ်သည် ၎င်းအတွက်ကြောင့် Fonny ကို ဖမ်းဆီးရန် ကြိုးပမ်းသော်လည်း ကုန်စုံဆိုင်ဖွင့်သော ဂျူးအမျိုးသမီးက ဘဲလ်အား သူ၏ ၎င်းတို့အတွက် လူမျိုးရေးခွဲခြားမှုအတွက် ပြစ်တင်ဆုံးမသောအခါ အခြေအနေအရ လူဖြူရဲအရှိသည်က Fonny ကို လွှတ်ပေးခဲ့ရတယ်။
မရှေ့မနှောင်းမှာပဲ အဆိုပါလူဖြူအရာရှိဘဲလ်က Fonny ကို အဓမ္မပြုကျင့်မှုအမှုတစ်ခုအတွက် မဟုတ်မမှန်သက်သေလိုက်ပြီး ချောက်ချဂွင်ဆင်ခဲ့တယ်။ ထိုအမှုကို ဖြေရှင်းရင်း ဇာတ်လမ်းအထဲ အမေရိကန်မှာရှိတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ ရဲအရာရှိတွေရဲ့ အကျင့်ပျက်မှုတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ရတဲ့သူတွေအကြောင်းနဲ့ အဲ့ဒေသမှာရှိတဲ့ အဖိနှိပ်ခံလူ့အဖွဲ့အစည်းတွေရဲ့ နေထိုင်မှုပုံစံကို အရှိကိုအရှိအတိုင်း လေ့လာနိုင်စေဖို့ အခွင့်အရေးရလာစေမှာဖြစ်တယ်။
တကယ်ကို လေ့လာစရာတွေ အများကြီးရမယ့် ဇာတ်လမ်းလေးပါ။