ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(၁၇)

Movie Name: Karen 2021
Political Affiliations: Black Lives Matter, BLM, Civil Rights

ရုပ်ရှင်ခေါင်းစဉ်သည် အမေရိကန် လူဖြူ “Karen” ပုံစံကို ရည်ညွှန်းထား‌သော ခေါင်းစဉ်ဖြစ်သည်။ ဒီဇာတ်ကားကို ရုံတင်ပြီးချိန်မှာတော့ ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။

လူမည်းအမျိုးသား Malik နဲ့ သူ၏ဇနီးသည် Imani တို့ဟာ Harvey Hill ရှိ Homeowners Association ဥက္ကဌ Karen Drexler ၏ အိမ်ဘေးသို့ ပြောင်းရွှေ့လာသော လူမည်းစုံတွဲတစ်တွဲဖြစ်တယ်။

Karen က Malik နဲ့ အမြန် လာရောက်မိတ်ဆက်ခဲ့ပြီး မိတ်ဆက်နေစဉ် လက်ဆွဲမနှုတ်ဆက်ပါပဲ သူမအိမ်မှာ “ငွေမရှိ” ကြောင်း ပြောပြီး Malik တို့ အိမ်ဖက်ကို ဦးတည်ထားတဲ့ လုံခြုံရေးကင်မရာ‌တွေ တပ်ခဲ့တယ်။

သူမက အိမ်နီးချင်းလူမည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တတ်ပြီး သူမကို ကူညီဖို့ လူမျိုးရေးခွဲခြားတတ်သူ သူမအစ်ကိုဖြစ်သူ ရဲကင်းလှည့် Mike Wind ကို မကြာခဏ ခေါ်လေ့ရှိတယ်။

ဒီလိုနဲ့ ဒီလို အခွင့်ထူးခံ လူမျိုးကြီးဝါဒီ အဖြူမ တစ်ဦးဖြစ်တဲ့ Karen ရဲ့ ဒဏ်တွေကို Malik နဲ့ Imani တို့ ဘယ်လိုတွေ ခါးစည်းခံရမလဲကို ကြည့်ချင်ရင်တော့…….

error: Content is protected !!