ကြည့်စေချင်သော Political/Social Drama များ အပိုင်း(၂၇)

Movie Name: Rosa Luxemburg
Political Affiliations: Orthodox Marxism, Democratic Socialism, Germany, Poland

ပိုလန်ဆိုရှယ်လစ်နှင့် မာ့က်စ်ဝါဒီတစ်ဦးအဖြစ် နာမည်ကျော်တဲ့ Rosa Luxemburg ဟာ သူ့ရဲ့ယုံကြည်ချက်အတွက် မဆုတ်မနစ် စည်းရုံးလှုံ့ဆော်နေခဲ့မှုတွေကို ရုပ်ရှင်အနေနဲ့ ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာ ကောက်စကီးတို့ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကနေ မကွဲထွက်ခင်ကနေ ဂျာမဏီကွန်မြူနစ်ပါတီဖြစ်ပေါ်လာပြီး ‌နောက်ဆုံးအသတ်ခံရတဲ့အထိကို ရိုက်ပြထားတဲ့ Documentary ဆန်ဆန် ရုပ်ရှင်ဇာတ်လမ်းပါ။
ရိုဆာ့အကြောင်း ဇာတ်လမ်းရိုက်ရင်တော့ ပထမကမ္ဘာစစ်ဝန်းကျင်က Spartacist uprising လိုအများသိကြတဲ့ ဆိုရှယ်ဒီမိုကရက်တွေထံက အာဏာကို ကွန်မြူနစ်တွေ သူပုန်ထတဲ့ တော်လှန်ရေးအကြောင်းကမပါမဖြစ်ပေါ့။
ဇာတ်လမ်းက Documentary ဆန်တယ်လို့ ဆိုနိုင်ပေမယ့် အဆုံးအထိ မပျင်းရအောင်ဆွဲခေါ်သွားနိုင်တာကတော့ တော်တော်ချီးကျူးစရာကောင်းတယ်။


အချိန်မရတာကြောင့် ကျနော်အရင်လို လင့်မထုတ်ပေးနိုင်တော့ပေမယ့် ဒီရုပ်ရှင်ကို Torrent ဆိုက်တွေမှာ လွယ်လွယ်ကူကူရှာနိုင်ပါသေးတယ်။

error: Content is protected !!