ကြည့်စေချင်သော Political/Social Drama များ အပိုင်း (၂၈)

Movie Name: Her Name was Fanny
Political Affiliation: Bolshevism, Soviet Union, Communism, Russia, October Revolution

Fanny Kaplan ဆိုတဲ့နာမည်ကို ဆိုဗီယက်ယူနီယံသမိုင်းကျေသူတိုင်း ကြားဖူးကြမှာပါ။

ဆိုဗီယက်ယူနီယံရဲ့သမိုင်းကို ဒီနေ့လိုဖြစ်အောင်ပြောင်းပေးခဲ့တဲ့ အမျိုးသမီးလို့တောင် ကင်ပွန်းတက်ရမယ်ထင်တယ်။ သူ့ရဲ့လုပ်ရပ်တစ်ခုကြောင့် စတာလင်ဟာ အာဏာရှိသူဖြစ်လာရတယ်။ အဲ့ဒီအကျိုးဆက်ကနေပဲ ကျွန်တော်တို့တွေ အာဏာရဲ့ဖောက်ပြန်မှုတွေ၊ ဗျူရိုကရေစီဆန်တဲ့ နိုင်ငံရေးလမ်းစဉ်တွေအကြောင်းကို သမိုင်းရဲ့ဖြစ်ရပ်တွေအနေနဲ့ ယထာဘူတကျကျလေ့လာနိုင်ဖို့ အခွင့်အရေးတွေရလာတယ်။

သူ့နာမည်ဟာ Fanny Kaplan ပါ။ ယူကရိန်းသူ တော်လှန်သောဆိုရှယ်လစ်များပါတီဝင်တစ်ဦး၊ မင်းမဲ့ဝါဒီတစ်ဦးလို့လည်း တစ်ချို့ကပြောကြတယ်။ သူဟာ ဘော်ရှီဗစ်ခေါင်းဆောင်လီနင်ကိုလုပ်ကြံခဲ့သူပါပဲ။

သူ့ကျေးဇူးနဲ့လီနင်တစ်ယောက် ၂ နှစ်လောက် စွတ်ပြုတ်သောက်ပြီး ဘုရားသခင်နဲ့မီတင်ပါထိုင်လိုက်ရတယ်။ 😂

ဒီဇာတ်ကားလေးထဲတော့ သူ့ရဲ့အကြောင်းတစ်စေ့တစ်စောင်းကိုရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲ သူ့ရဲ့နိုင်ငံရေးရင့်ကျက်မှုတွေထက် သူ့ရဲ့ဘဝကိုပိုရိုက်ထားတယ်။

ဒီရုပ်ရှင်ကိုကြည့်ချင်ရင်အခမဲ့ကြည့်နိုင်တယ်။ Tubi TV မှာ ဇာတ်ကားနာမည်လေးရိုက်ပြီး ကြည့်နိုင်ပါတယ်။ ဒီဇာတ်ကားက ခေတ်ကာလရဲ့ နောက်ခံတွေကို သေချာထည့်မရိုက်ထားသလို Kaplan ကိုလည်း သာမန်အပေါင်းအသင်းမှားသွားတဲ့အမျိုးသမီးတစ်ယောက်ပုံစံသွင်းရိုက်ပြထားတာမို့ တော်တော်လေးတော့ ဖွယ်တယ်။ ဒါကိုတော့ သဘောမကျဘူး။ ဒါပေမယ့်လည်း သမိုင်းနောက်ခံရုပ်ရှင်တစ်ကားဖြစ်တာမို့ ကြည့်ပျော်ပါတယ်။

error: Content is protected !!