ကြည့်စေချင်သော Political/Social Drama များ အပိုင်း (၃၀)

Movie Name: Hussein, Who Said No
Political Affiliation: Islam, Shia, Imam Hussein

ဒီရုပ်ရှင်ကတော့ အစ္စလာမ်သမိုင်းမှာ အရေးပါလှတဲ့ အေမာမ်ဟိုစိုင်းနဲ့ ကရ်ဘလာစစ်ပွဲတို့ရဲ့အကြောင်းပါပဲ။

အေမာမ်ဟိုစိုင်းဆိုတာ တခြားလူမဟုတ်ပါဘူး။ ရစူလ်တမန်တော်မုဟမ္မဒ်ရဲ့ သမီးတော် ဖှါတေမာနဲ့ ယောက်ဖတော်အေမာမ်အလီတို့ရဲ့ သားတော်ပဲဖြစ်ပါတယ်။

တလောကပဲ အေမာမ်အလီနဲ့ရစူလ်တမန်တော်မုဟမ္မဒ်ရဲ့ သမီးတော် ဖှါတေမာတို့အပေါ် (စွန်နီအလို ပထမကာလီဖာသခင်ကြီး) အဘူကာရ်နဲ့သူ့သမီး အိုင်အေရှာတို့က ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းဖိနှိပ်မှုတွေကို ရှီအာကျမ်းမူပြသမိုင်းတွေအရ တင်ပြထားတဲ့ ရုပ်ရှင်လေးကို တင်‌ပေးဖူးပါတယ်။

ဒါကတော့ ဒီပထမကာလိဖာမျိုးဆက်အလွန်မှာဖြစ်တဲ့ကိစ္စပါ။ ယဇီးဒ်ဆိုတဲ့ ကာလိဖာလက်ထက်မှာ မူဆလင်မဟုတ်သူပြည်သူတွေရော မူဆလင်ပြည်သူတွေရောပါ အကုန်လုံး အဖိနှိပ်၊ အချုပ်အချယ်ခံကြရပါတယ်။

ဒါကို ကြားသိရတဲ့ တမန်တော်မိုဟမ္မဒ်ရဲ့မြေးတော် အေမာမ်ဟိုစိုင်းက သဘောမတွေ့လှပါဘူး။ ယဇီးဒ်ဟာ သူရဲ့အာဏာဇာတ်ကိုထိန်းဖို့အတွက် တမန်တော်ရဲ့မြေးတော်ဖြစ်တဲ့ အေမာမ်ဟိုစိုင်းတို့ရဲ့ ထောက်ခံမှုကိုလိုအပ်ပါတယ်။

ဒါပေမယ့် ပြဿနာက အေမာမ်ဟိုစိုင်းတို့က လက်မခံပါဘူး။ ဒီလိုကနေ အကြောင်းအမျိုးမျိုးကြောင့် ယဇိးဒ်တို့နဲ့အေမာမ်ဟိုစိုင်းတို့အကြား သွေးချောင်းစီးမယ့်အနေအထားအထိဖြစ်လာခဲ့တဲ့ အကြောင်းကို အီရန်က ဒါရိုက်တာများက ရိုက်ပြထားတာပဲဖြစ်ပါတယ်။

ရစူလ်တမန်တော်မုဟမ္မဒ်ရဲ့ မြေးတော် အေမာမ်ဟိုစိုင်းဟာ ယဇိးဒ်တို့ရဲ့စစ်တပ်ကို အင်အားမမျှပေမယ့် အရှုံးမပေးပဲ ခုခံခဲ့ပါတယ်။ တမန်တော်ရဲ့မျိုးဆက်မိသားစုတွေ လူမမည်ကလေးတွေဟာ ရေငတ်နေကြပြီမို့ ရေသွားခပ်တဲ့ တမန်တော်ရဲ့မြေးတော် အေမာမ်ဟိုစိုင်းကို ကာလိဖာကြီး ယဇိးဒ်တို့ ဘယ်လောက်ထိ နှိပ်စက်၊ အနိုင်ကျင့်၊ သတ်ဖြတ်ခဲ့သလဲဆိုတာကို ရုပ်ရှင်ဖွဲ့ရိုက်ထားတာပဲဖြစ်ပါတယ်။

Download – https://drive.google.com/drive/folders/1P1_jA2kXLCKnIMMoV91QaVFar1oK6bhu

error: Content is protected !!