ကြည့်စေချင်သော Political/Social Drama များ – (Bebaak)

Movie Name: Bebaak (2019)
Political Affiliation: Islam, Hijab, Patriarchy, Oppression, Misogyny

ဒီရုပ်ရှင်ကတော့ ဟေဂျားဘ် (Hijab) လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာရွေးချယ်ခွင့် Empowerment ကို ချုပ်နှောင်ဖိနှိပ်တဲ့ အစ္စလာမ်ဘာသာက အဝတ်စတစ်ခုအကြောင်းနဲ့ လူ့အဖွဲ့အစည်းအထဲမှာ မဟာဖိုဝါဒတွေ (Patriarchy)၊ အမျိုးသမီးမုန်းဖိနှိပ်ရေးဝါဒ(Misogyny)‌ တွေဟာ ဘယ်လောက်အထိ ဘာသာတရား၊ ယဥ်ကျေးမှုဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရှင်သန်နေသလဲဆိုတာကို ဖော်ပြထားတဲ့ရုပ်ရှင်ပါပဲ။

Patriarchy (မဟာဖိုဝါဒ) and religion (ဘာသာတရား) work in tandem တဲ့ ‘Bebaak’ ရုပ်ရှင်ကိုရိုက်တဲ့ ဒါရိုက်တာ အမျိုးသမီး Shazia Iqbal ကဆိုပါတယ်။

ဒီနေရာမှာ ဟေဂျားဘ်ကို မူဆလင်တွေအပေါ် လူမျိုးရေးမုန်းတီးမှုအရ ခွဲခြားဆက်ဆံဖို့အသုံးချတဲ့သူတွေလည်းရှိတတ်ကြတာမှန်ပေမယ့် ဒီဟေဂျားဘ်ရဲ့ အတွေးအခေါ်ကိုယ်တိုင်က မဟာဖိုဝါဒတွေ (Patriarchy)၊ အမျိုးသမီးမုန်းဖိနှိပ်ရေးဝါဒ(Misogyny)‌ တွေအပြည့်နဲ့ လွတ်လပ်မှုကိုချုပ်နှောင်တဲ့ အယူအဆတစ်ခုဖြစ်နေတယ်ဆိုတာကိုတော့ ယထာဘူတကျကျတွေးတောနိုင်သော ဦးနှောက်ပါတဲ့ တိုးတက်တဲ့အမြင်ရှိသူတိုင်းက သတိထားမိကြမယ်ထင်ပါတယ်။

ဒီဇာတ်လမ်းလေးက ဇာတ်လမ်းတိုလေးဖြစ်တာမို့ မိနစ် ၃၀ ဝန်းကျင်ပဲကြာပါတယ်။

 

error: Content is protected !!