We are the Wave / Wir sind die Welle
Political Affiliations: Anarchism & Left Populism
နောက်ကွယ်အကြောင်းအရာ – Fiction
– ဥပဒေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို ရွံမုန်းသူ စာပေဗဟုသုတနဲ့ အတွေးအခေါ် မြင့်မားသူ မင်းမဲ့ဝါဒီ သင်းကွဲ ကျောင်းသားတစ်ယောက်၊
– ကိုယ်တိုင်ကတော့ ဘောင်အတွင်းက တွေးတောတတ်ပေမယ့် ဘောင်တွေစည်းတွေကို ကျော်လွန်တတ်သူတေွကို ကူညီတတ်ပြီး ကိုယ်တိုင်လည်း အနည်းငယ်ပမာဏ လောက် ကျော်ပြီး တွေးတောနိုင်သော ကျောင်းသူတစ်ယောက်၊
– အနိုင်ကျင့်ခံ စကားနည်းတဲ့ ကောင်မလေးတစ်ယောက်၊
– လူမျိုးရေးမုန်းတီးခံရမှုတွေကို မခံမရပ်နိုင်ဖြစ်နေတဲ့ အာရပ်ရွေ့ပြောင်းဒုက္ခသည် ကျောင်းသားတစ်ယောက်
– မိသားစုစီးပွားရေးပျက်ဆီးခံခဲ့ရတာကြောင့် လုပ်ငန်းရှင်တွေအပေါ် အမြင်မကြည်တဲ့ ကျောင်းသားတစ်ယောက်
တစ်ဖက်က ဂျာမဏီလူမျိုးကြီးဝါဒီ လက်ယာစွန်းကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ ရှိရင်းစွဲ နိုင်ငံရေးစင်ပြိုင် လက်ဝဲအမည်ခံ သာပေါင်းညာစား လစ်ဘရယ်ပါတီတွေနဲ့ သာမန် နိုင်ငံရေးဆိုတာ ဘာမှန်းမသိတဲ့ ကျောင်းသားတွေ
ဒီလူတွေကြား ဘယ်လို ပွတ်တိုက်မှုတွေ၊ သူပုန်ထမှုတွေဖြစ်လာမလဲ၊ အဲ့သူပုန်ထမှုတေွကနေ ဘာတွေ သင်ယူနိုင်မလဲ။ ယူတတ်ရင် တွေးချင်စရာတွေပေါ့။
ဇာတ်လမ်းစတာကတော့ ဂျာမဏီလူမျိုးကြီးဝါဒီ လက်ယာစွန်းပါတီတစ်ခုက အမတ်လောင်းတစ်ယောက်ကို အဆိပ်ခပ်ပြီး ပြန်ပေးဆွဲ၊ လုပ်ကြံဖို့ ကြိုးစားကြတဲ့ ကျောင်းသားတစ်သိုက်ရဲ့ စွန့်စားမှုလေးနဲ့ အစပြုထားခဲ့တယ်။
ကြည့်ရန် Link – https://www.netflix.com/watch/80226945