ကြည့်စေချင်သော Political/Social Drama များ – (Persepolis)

Name: Persepolis
Political Affiliations: Iranian Islamic Regime, Islamic Fascism/ Islamic Fundamentalism/ Political Islam, Communism, Secularism, Revolution

ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်တပ်က ကျည်တချို့ ပစ်သွင်းခဲ့တယ်။ လက်သီးလက်မောင်းတန်းနေတဲ့ ဆန္ဒပြနေသူတစ်ယောက်ရဲ့ကိုယ်ကနေ ကောဋ္ဌာသ(သွေး)တွေ ဖြာထွက်ရင်း လဲကျသွားတယ်။
လူထုကြီးဟာ ထိုလဲကျသွားတဲ့ ဆန္ဒပြသူကို ပင့်မြောက်လိုက်ကြရင်း …………

ဇာတ်လမ်း‌ရဲ့ အစပိုင်းကတော့ Marjane Satrapi လို့ခေါ်တဲ့ အီရန်တက်ကြွလှုပ်ရှားသူ၊ ကွန်မြူနစ်တစ်ဦး၊ လူအခွင့်အရေးသမားတစ်ယောက်က သျှားဘုရင်နဲ့ သူ့သားတို့ရဲ့ အစ္စလာမ်မစ်ဖက်ဆစ်ဝါဒနဲ့ အုပ်စိုးတဲ့ အာဏာရှင်အစိုးရအပေါ် တွန်းလှန်ခဲ့ကြတဲ့ အီရန်က တော်လှန်သူတွေရဲ့ အကြောင်းကို သူမြင်ခဲ့ရတဲ့အတိုင်း ပုံဖော်ပေးခဲ့တာဖြစ်တယ်။

ဒီဇာတ်လမ်းဟာ 2007 Cannes Film Festival မှာ Jury Prize ဆုကို ရခဲ့တဲ့ ကာတွန်းရုပ်ပြဇာတ်လမ်းလေးလည်း ဖြစ်တယ်။

ဇာတ်လမ်းမှာတော့ အီရန်ဘာသာရေးအာဏာရှင်အစိုးရက ကလေးတွေအပေါ် ငယ်ငယ်ကတည်းက ဘာသာရေးအဆိပ်အတောက်တွေနဲ့ နိုင်ငံရေးဆော်သြသံတွေကို အသုံးပြုပြီး ဦးနှောက်ဆေးခဲ့ကြတာကို ဖော်ပြထားတာပဲဖြစ်တယ်။



သူငယ်ငယ်က သူ့ဆရာ၊ ဆရာမတွေက သူ့ကို သင်ပေးထားတယ်။ သျှားမျိုးဆက်ဟာ ဘုရားသခင်(အလာဟ်) ကရွေးချယ်ပေးထားတဲ့ ဘုရင်(အုပ်စိုးသူ) တဲ့။ ကလေးပီပီ သူက အမှန်ထင်ခဲ့တယ်။ သူ့မိသားစုဟာလည်း တော်ဝင်မျိုးဆက်ပေမယ့် ကွန်မြူနစ်အယူအဆကို ယိမ်းကြသူတွေဖြစ်ဖို့ မင်းမျိုး၊ မင်းဆက်စနစ်ကို ဆန့်ကျင်ပြီး ဘာသာရေးလွှမ်းမိုးမှုမရှိတဲ့ နိုင်ငံရေးစနစ်ကို လိုချင်ကြသူတွေဖြစ်တယ်။ ဒီယုံကြည်ချက်ကြောင့်ပဲ သူ့အဖိုးဟာ ထောင်ကျနေရသူဖြစ်တယ်။

နိုင်ငံရေးအတွက် ဘာသာရေးကိုအသုံးချခဲ့တဲ့ မင်းဆက်အောက်ကနေ သက်ဆိုင်ရာအုပ်စိုးသူတွေကို တွန်းလှန်နိုင်ခဲ့ပေမယ့် သူ့တို့ရဲ့နောက်ကွယ်က ဘာသာရေးအဆိပ်ခပ်မှုရဲ့ နောက်ဆက်တွဲကို သူတို့ဟာ တော်လှန်ရေးအလွန်မှာပါ ကြုံတွေ့နေရဆဲ။ အဲ့အခါ အမျိုးသမီးတွေဟာ သူတို့ရဲ့ သဘောဆန္ဒတွေ မပါပါပဲ ခေါင်း‌စွပ်တွေ ဝတ်ဆင်ဖို့၊ အဝတ်တွေကို အစိုးရက သတ်မှတ်ထားတဲ့ ကိုယ်ကျင့်တရားပေတံနဲ့ ကိုက်ညီတဲ့ အဝတ်တွေသာ ဝတ်ဆင်ဖို့အထိ ကိုယ်ပိုင်လွတ်လပ်မှုတွေ အဖိနှိပ်ခံခဲ့ရတယ်။

ဒီလို ရွံရှာဖွယ်ကောင်းတဲ့ အစ္စလာမ်ဖက်ဆစ်ဝါဒကို သူမဟာ သူမ ယုံကြည်ထားရာ ကွန်မြူနစ်ဝါဒကို ကိုင်စွဲရင်း ဘယ်လိုတွန်းလှန်မလဲ။ သူမရဲ့ ရဲဘော်တွေကရော ဘယ်လိုတွန်းလှန်ကြမလဲ။ သူမတို့အပေါ်ရော အစိုးရနဲ့ အစွန်းရောက်ဖက်ဆစ်တွေက ဘယ်လိုတုန့်ပြန်လာမလဲ။

error: Content is protected !!