ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(20)

Movie Name: Last Persian Shah
Political Affiliations: Iran, Shah Mohammad Reza Pahlavi, Khomeini, Political Islam, Western Imperialism, Islamic Fascism

အခုဖြစ်နေတဲ့ အီရန်ကတော်လှန်ရေးဟာ တကယ်ဆို ခုမှစတာမဟုတ်ပါဘူး။ Mahsa Amini ကိစ္စမဖြစ်ခင်ကတည်းက LGBT တွေ၊ အမျိုးသမီးတွေ၊ ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေဟာ နှစ်တွေ ဆယ်ဂဏန်းနဲ့ချီပြီး အဖိနှိပ်ခံခဲ့ရပါတယ်။

ဒီဇာတ်လမ်းလေးကတော့ အီရန်နဲ့ပတ်သတ်လို့ စာအုပ်တွေဖတ်ရမှာပျင်းတဲ့ မိတ်ဆွေတွေအတွက် အသုံးတည့်မှာပါ။
Shah လက်ထက်မှာ သူဟာ အနောက်တိုင်းအကူအညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့တယ်။ အဲ့လိုလုပ်ခဲ့တဲ့နည်းတူပဲ နိုင်ငံရေးအတိုက်အခံတွေကိုလည်း ရစရာမရှိအောင်ဖိနှိပ်ခဲ့တယ်။ လက်ယာစွန်း အစ္စလာမ်မစ်အစွန်းရောက်ဖက်ဆစ်တွေနဲ့ လက်ဝဲစွန်း ကွန်မြူနစ်အင်အားစုဟာ အလယ်အလတ်လစ်ဘရယ်ဝါဒီ အတွက် အန္တရာယ်တွေဖြစ်ခဲ့တယ်။ Shah ဟာ အဲ့မှာ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်။ အနောက်တိုင်းကို အဖေခေါ်တဲ့ Shah ဟာ အနောက်တိုင်းရဲ့ သြဝါဒ‌အောက်ကနေ ကွန်မြူနစ်တွေကို ပထွေးမုန်းမုန်းခဲ့တယ်။ ဒီလိုနဲ့ သူဟာ လက်ဝဲစွန်း ကွန်မြူနစ်အင်အားစုတွေကို မြေပြင်ပေါ်မှာ လှုပ်ရှားလို့မရလောက်အောင်အထိ ဖိနှိပ်ခဲ့တယ်။ ဒါပေမယ့် ဘာသာရေးကို အခြေခံနေတဲ့ လက်ယာသမား အစ္စလာမ်မစ်ဖက်ဆစ်တွေကိုတော့ သူဟာ ကွန်မြူနစ်တွေကို ဖိနှိပ်သလောက် မဖိနှိပ်ခဲ့ဘူး။

အဲ့လိုအနေအထားကြောင့် ဘာသာရေးကိုအခြေခံတဲ့အင်အားစုတွေဟာ ဘာသာရေးတွေ့ဆုံမှုတွေ၊ ဝတ်ပြုဆုတောင်းပွဲတွေကနေ နိုင်ငံရေးအတွက် စုဝေးရင်း အင်အားကြီးမားလာခဲ့တယ်။ တော်လှန်ရေးဖြစ်လာတဲ့အခါ မြေပြင်မှာ မလွှမ်းမိုးနိုင်တော့တဲ့ ကွန်မြူနစ်တွေဟာ အလိုလိုဘေးရောက်လာရင်း အစ္စလာမ်မစ်ဖက်ဆစ်တွေဟာ တော်လှန်ရေးကို အနုကြမ်းစီးလာခဲ့တယ်။

error: Content is protected !!