ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(21)

Movie Name: Farha
Political Affiliations: Israel’s apartheid against Palestinians, Zionism

Netflix က ဒီဇာတ်လမ်ကို ဒီဇင်ဘာ 1 ရက်က ဖြန့်ချိတယ်။ အဲ့နောက်ပိုင်း netflix အပါအဝင် ဒီရုပ်ရှင်ကို တင်သွင်းပြသတဲ့ streaming platform နှင့် ရုပ်ရှင်ရုံတွေကို အစ္စရေးနိုင်ငံရေးသမားများက ဝေဖန်ခဲ့တယ်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီး Avigdor Lieberman က ဒီဇာတ်ကားကို ပြသတဲ့အတွက် Netflix ကို ဝေဖန်ခဲ့တယ်။ အစ္စရေးယဉ်ကျေးမှုဝန်ကြီး Hili Tropper က ဒီဇာတ်လမ်းကို အစ္စရေး ပြဇာတ်ရုံတစ်ခုက ပြသတာကို “စော်ကားမှုတစ်ခု” လို့ သမုတ်ပြီး ပြောဆိုခဲ့တယ်။

ဘာကြောင့် အစ္စရေးအမျိုးသားရေးဝါဒီတွေ(ဇီယွန်ဝါဒီ)တွေနဲ့ အစ္စရေးအစိုးရဝန်ကြီးတွေက ဒီရုပ်ရှင်ကို ကျားကန်ကန်ပြီး ဝေဖန်နေကြတာလဲ။ မလိုမုန်းတီးဖြစ်နေတာလဲ။

ဒီကတော့ဒီရုပ်ရှင်ဟာ အစ္စရေးစစ်တပ်အနေနဲ့ ပါလက်စတိုင်းလူထုအပေါ် ကျူးလွန်ခဲ့ဖူးတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သတ်လို့ ဆီးရီးယားမှာ အခု ဒုက္ခသည်အနေနဲ့ နေနေတဲ့ ပါလက်စတိုင်းရွေ့ပြောင်းဒုက္ခသည်တွေရဲ့ ဖြစ်ရပ်မှန်ဘဝအတွေ့အကြုံအပေါ် အတိုင်းအတာတစ်ခုအထိ အခြေခံထားလို့ပါပဲ။

error: Content is protected !!