ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(22)

Movie Name: Kobanê
Political Affiliations: Islamic Fascism, ISIS, YPG, YPJ, Anarchism, Kurdish Liberation, Women’s Liberation, Rojava

ဆီးရီးယားဒေသမှာ အစ္စလာမ်မစ်ဖက်ဆစ်တွေဆီကနေ လွတ်မြောက်ရေးရဖို့ အသက်သွေးတွေ ပေးဆပ်နေကြတဲ့ Kurd လို့ခေါ်တဲ့ လူမျိုးစုရဲ့ လွတ်လပ်စွာရပ်တည်ခွင့်အပေါ် အခြေပြုတဲ့ တော်လှန်ရေးတစ်ခုဖြစ်နေတယ်။

တစ်ခုကွာတာက Kurd လွတ်မြောက်ရေးမှာ အနီးနားက အာရတ်တွေ၊ တူရကီအစိုးရ၊ အနောက်တိုင်းအုပ်စု၊ ရုရှားနဲ့ ဆီကတင်မကပဲ အစ္စလာမ်ဖက်ဆစ်တွေဆီကနေပါ လွတ်မြောက်အောင် တိုက်ခိုက်နေတာပဲ။ အဲ့ဒီထဲမှာ ဆီးရီးယား‌ဒေသနားမှာ Rojava လို့ခေါ်တဲ့ လူထုအခြေပြု အစိုးရစနစ်နဲ့ အုပ်ချုပ်တဲ့ Commune လေးတစ်ခုပေါ်လာခဲ့တယ်။

အာဏာသက်ဆင်းမှု၊ မျက်ကန်းလိုက်နာမှုနဲ့ မူဝါဒတရားသေကိုင်စွဲတဲ့ အစ္စလာမ်မစ်ဖက်ဆစ် (တူရကီအစိုးရ၊ အီရန်အစိုးရနဲ့အတူ အိုင်စက်တွေ) ဟာ ဒါကိုမကြိုက်ကြဘူး။ အလားတူ မဟာဖိုဝါဒကြီးစိုးတဲ့ ဘာသာရေးသွန်သင်ချက်တွေကို တရားသေလိုက်နာပြီးတော့ အမျိုးသမီးထုကို ဖိနှိပ်တတ်သေးတာကြောင့် ဒီအင်အားစုတွေက Kurd တွေနဲ့အတူတူ နိုင်ငံတကာက အမျိုးသမီးဝါဒီတွေ၊ လူထုအခြေပြု ဒီမိုကရေစီစနစ်ကိုအားပေးတဲ့ မင်းမဲ့ဝါဒီတွေအပါအဝင် လူတော်တော်များများဟာ အားပေးထောက်ခံကြတယ်။

အဲ့ဒီထဲ အစ္စလာမ်မစ်ဖက်ဆစ်အုပ်စု (တူရကီအစိုးရ၊ အီရန်အစိုးရနဲ့အတူ အိုင်စက်တွေ) ရဲ့ ဖမ်းဆီးချုပ်နှောင် ကျွန်ပြုခံရဖူးတဲ့ အမျိုးသမီးတွေအများစုပါဝင်တဲ့ Women’s Protection Units (YPJ) ဆိုတာဟာ ကျော်ကြားတဲ့ အင်အားစုတစ်ခုပဲ။ Kurdish People’s Defense Units (YPG) လို့ခေါ်တဲ့ တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပြုပြီး Rojava ဒေသရဲ့ ဒီမိုကရေစီတန်ဖိုးတွေဖြစ်တဲ့ လွတ်လပ်စွာကိုးကွယ်/မကိုးကွယ်ခွင့်၊ အမျိုးသမီးအခွင့်အရေးအပါအဝင်လူ့အခွင့်အရေးနဲ့ နိုင်ငံရေး-ဘာသာရေး ခွဲခြားထားရေး (လောကီသီးသန့်ဝါဒ/Secularism) တို့ကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေကြတယ်။

ဒီရုပ်ရှင်ကတော့ Women’s Protection Units (YPJ) နဲ့ Kurdish People’s Defense Units (YPG) တို့ ဒီဖက်ဆစ်အုပ်စုတွေကို ဘယ်လိုတွန်းလှန်နေကြသလဲဆိုတာကို ဖော်ပြထားတဲ့ ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။

error: Content is protected !!