Movie Name: Concrete Utopia
Political Affiliation: Dystopia, Fascism, Survival
ဇာတ်လမ်းအကျဥ်း
ရာသီဥတုဖောက်ပြန်ပြောင်းလဲပြီး မြေငလျင်အကြီးစားတစ်ခု
လှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့် အပျက်အစီးပုံထဲကိုဆိုးလ်မြို့တစ်ခုလုံးကျရောက်သွားတယ်..
ကံကောင်းထောက်မစွာ ကွန်ကရစ်တော်ဝင်တိုက်တစ်တိုက်ကတော့ အပျက်အစီးတွေကြားထဲမှာမားမားမတ်မတ်ကြီးကျန်ရှိနေတယ်…တိုက်ခန်းမှာ အရင်ကတည်းကနေခဲ့တဲ့သူတွေအတွက်တော့ကံကောင်းတယ်လို့ဆိုရပေမဲ့ အပြင်မှာအသေမသေဘဲကျန်ခဲ့တဲ့သူတွေအတွက်ကတော့ငရဲကျနေသလိုဖြစ်နေတယ်..အေးလွန်းလှတဲ့ရာသီဉတုဒဏ် စားစရာ အိပ်စရာမရှိတဲ့ဒုက္ခသည်တွေအတွက်တော့ ဒီတိုက်ကြီးဟာ မျက်စိကျစရာဖြစ်လာပါတယ်..သို့ပေမဲ့ နေဖို့အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့သူတွေက လက်မခံကြပါဘူး၊
သုံးသပ်ချက်
ကွန်ကရစ်တော်ဝင်တိုက်ဟာ နိုင်ငံရေးသီအိုရီအရ Guild Socialist ကွန်မြူးတစ်ခုလိုဖြစ်နေတယ်လို့ ယူဆလို့ရနိုင်တယ်။ အစပိုင်းမှာဒီမိုကရေစီလွှမ်းမိုးတဲ့နေရာတစ်ခုအဖြစ် ကိုယ့်အဖွဲ့အစည်းဝင်အချင်းချင်း အားလုံးစာနာထောက်ပံ့မှုတွေ၊ အတူတူပူးပေါင်းကြိုးစားလုပ်ဆောင်မှုတွေရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာ
– Herd Mentality တွေ၊
– အမျိုးသားရေးဆန်ဆန် အတွေးအခေါ်တွေနဲ့ Xenophobia တွေ၊
– ကွန်ကရစ်တော်ဝင်တိုက်ကို နိုင်ငံတော်ဆန်ဆန် ယူဆမှုတွေ
– ကွန်ကရစ်တော်ဝင်တိုက်ဆိုတဲ့ဖြစ်တည်မှုရဲ့အောက်က တစ်သီးပုဂ္ဂလဘဝဟာ အကောင်အထည်မဲ့၊ အရှိတရားမဲ့တဲ့ အနေအထားသို့ပြောင်းလဲလာမှုတွေ၊
– ခေါင်းဆောင်အပေါ် လိုတာထက်ပေါ် အားကိုးမှုတွေ
– သင်းကွဲတွေကို အများသူဌာအရှေ့မှာ အပြစ်ဝန်ချတောင်းပန်ခိုင်းမှုတွေလို ဖိနှိပ်အုပ်ချုပ်တတ်တဲ့ စနစ်မူတွေနဲ့ ပြည့်နှပ်နေတဲ့
ဖက်ဆစ်လူ့အဖွဲ့အစည်းတစ်ခုအသွင်ကိုပြောင်းလာတယ်။
အီဗြောင်ဟွန်ရဲ့ကာရိုက်တာ
အီဗြောင်ဟွန်ရဲ့ကာရိုက်တာ တကယ်အခြေခိုင် အောက်သက်ကျေပြီး ကိုယ်ဒူးကိုယ်ချွန်တဲ့ လက်တွေ့ဆန်သူ ခေါင်းဆောင်းကောင်းတစ်ယောက်အနေနဲ့ ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ သူ့အပေါ် ဂတုံးပေါ်ထိပ်ကွက်သွားတဲ့ သူကို ကိစ္စတုန်းပေးထားတဲ့သူတစ်ယောက်ဖြစ်နေပြီး သူကိုယ်တိုင်က သူရှုတ်ချနေတဲ့ လာရောက်ခိုလုံသူတစ်စိတ်တစ်ပိုင်းဖြစ်နေတာကို ဖုံးကွယ်ထားချင်တဲ့ သိမ်ငယ်စိတ်ဝင်နေသူတစ်ယောက်ဖြစ်နေပြန်တယ်။ ပြီးတော့ သူဟာ ဒီလူ့အဖွဲ့အစည်းတစ်ခုလုံးကို ဖက်ဆစ်ဆန်တဲ့လူ့အဖွဲ့အစည်း၊ စာနာစိတ်မရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲပေးနေသူလည်းဖြစ်နေပြန်တယ်။
ဘတ်ဘိုယောင်း၏ကာရိုက်တာ
ဘတ်ဘိုယောင်းကတော့ ဒီကားမှာ အချောင်အနေအချောင်အစား စိတ်ကူးယဉ်ဝါဒီတွေအနေနဲ့ ဖော်ပြခံထားရတာပဲ။ ပြင်ပကမ္ဘာရဲ့ လျင်သူစားစတမ်းဖြစ်နေတဲ့ Barbarism ကို ကိုယ်တိုင်မကြုံရသေးတဲ့အခါ သူတို့ဟာ သူတော်ကောင်းအယောင်ဆောင်တဲ့ ကြောင်သူတော်ဖြစ်ချင်နေပုံရတယ်။ ပြောရရင် ပြင်ပကမ္ဘာက Barbarism ကိုတွန်းလှန်ဖို့ ဒီ ကွန်ကရစ်တော်ဝင်တိုက်က လူတွေကိုယ်တိုင်က Barbarism အနေအထားကို ရောက်နေကြတာကို သတိမထားမိလောက်အောင် Privileged ဖြစ်နေသေးတဲ့ ကျင့်ဝတ်ဆိုတာတွေကို ဖက်တွယ်ထားသေးတဲ့သူတွေပေါ့။
ဘတ်ဆောဂျွန်း၏ ကာရိုက်တာ
သူကတော့ အီဗြောင်ဟွန်ကာရိုက်တာနဲ့ ဘတ်ဘိုယောင်းကာရိုက်တာ အကြားက ကာရိုက်တာလို့ပြောရမှာပဲ။ အီဗြောင်ဟွန်လို လုပ်ရည်ကိုင်ရည်ရှိသလို ဘတ်ဘိုယောင်းလည်း စာနာစိတ်ရှိနေပြန်တယ်။ အခြေအနေအရ လုပ်သင့်တာကို လုပ်နေရပေမယ့် ဒီအခြေအနေအပေါ်လိုက်ပြီးပဲ အီဗြောင်ဟွန်ကို တွန်းလှန်သင့်ရင် တွန်းလှန်သလို ဘတ်ဘိုယောင်းကိုလည်း သဘောထားကွဲလွဲပြန်တယ်။
သုံးသပ်ချက်အနှစ်ချုပ်
ကွန်ကရစ်တော်ဝင်တိုက်ရဲ့ကျဆုံးမှုဟာ ဘတ်ဘိုယောင်းရဲ့ကြောင်သူတော်ဆန်တဲ့ကိုယ်ကျင့်တရားစံတွေကြောင့် အီဗြောင်ဟွန်ရဲ့ခေါင်းဆောင်မှုအပေါ် လူတွေက သံသယပွားလာရာကနေ နွားကွဲလို့ ကျားဆွဲခံရတဲ့သဘောပြထားတယ်။ နောက်ဆုံးပိုင်းတွေမှာ ကွန်ကရစ်တော်ဝင်တိုက်ရဲ့ကျဆုံးမှုကြောင့် ဘတ်ဘိုယောင်းတစ်ယောက် အရင်လို Privilege မရတော့ပေမယ့် သူရောက်သွားတဲ့နေရာက “ကွန်ကရစ်တော်ဝင်တိုက်” လို “နိုင်ငံတော်” ဝါဒဆန်ဆန်တွေမရှိတဲ့ စုပေါင်းစပ်ပေါင်းကွန်မြူးသဘောလေးကို ပြသွားတာကတော့ တွေးစရာတွေ ဖွင့်ပေးသွားတယ်လို့ထင်တာပဲ။
တကယ်တော့ ဒီကားက တွေးစရာနည်းနိုင်သမျှ နည်းအောင် ခွန့်ကိုကျွေးထားတာပါပဲ။
အလွယ်ကူဆုံးပြောရရင် “ကွန်ကရစ်တော်ဝင်တိုက်” ဟာ George Orwell ရဲ့ 1984 ထဲက “Ingsoc” နဲ့တူပြီး အီဗြောင်ဟွန်ဟာ “Big Brother” နဲ့တူပါတယ်။