Movies

ကြည့်စေချင်သော Political/Social Drama များ – (The Believer)

Movie Name: The Believer (2001)Political affiliation: Antisemitism, Neo-Nazi, Right wing populism, Accerlerationismနာဇီတွေဟာ ဂျူးမုန်းတီးရေးဝါဒနဲ့နာမည်ကြီးပါတယ်။ဒီတော့ ဂျူးတစ်ယောက်ဟာ နာဇီတစ်ယောက်၊ ခေတ်သစ်နာဇီအုပ်စုတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ဆိုရင် အဓိပ္ပါယ်မရှိဘူးထင်ကြမှာပါ။ဒီကားလေးမှာတော့ “Drive” ရုပ်ရှင်ထဲက Psychopath ဇာတ်ရုပ်နဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား Ryan Gosling ကို ဂျူးမုန်းတီးရေး ပြင်းပြတဲ့ ဂျူးလူမျိုး နာဇီတစ်ဦးအနေနဲ့ မြင်ရမှာပါ။ ဒီကားလေးမကြည့်ရသေးရင် အောက်ကစာကို ဆက်မဖတ်စေချင်ပါဘူး။ ငယ်ငယ်ကတည်းက ဂျူးဘာသာရေးခံယူချက်တွေ၊ ဂျူးသီအိုလိုဂျီတွေအပေါ် သံသယရှိခဲ့ပြီး အားမလိုအားမရဖြစ်နေခဲ့သူ ဂျူးတစ်ယောက်ဟာ ဒီအားမလိုအားမရဖြစ်စိတ်နဲ့ မုန်းတီးစိတ်တို့ရောထွေးသွားတဲ့အခါဖြစ်လာတဲ့ ဝေခွဲမရမှုတွေ၊ accelerationism ကျင့်သုံးမှုတွေကို တွေ့ရမှာပါ။ရာစုပေါင်းများစွာ ပုံသဏ္ဍာန်မျိုးစုံပြောင်းပြီး ဆက်လက်ရှင်သန်လာခဲ့တဲ့ ဂျူးမုန်းတီးရေးဝါဒရဲ့ အသက်ပြင်းမှုအကြောင်းတွေ၊ အစ္စရေးဖြစ်တည်မှုနဲ့ပတ်သတ်လ်ု့ိ ဂျူးတွေအချင်းချင်းအကြားမှာရော နာဇီတွေအချင်းချင်းအကြားမှာရော အမြင်ကွဲမှုတွေ၊ စတာတွေကို […]

ကြည့်စေချင်သော Political/Social Drama များ – (The Believer) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Walled Off)

Movie Name: Walled Off (2023)Political Affiliation: Israel, Palestine, Zionism, Intifada ဒီဇာတ်ကားက အစ္စရေးရဲ့ သိမ်းပိုက်မှုအောက်မှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းတွေရဲ့ ဘဝကို အနီးကပ်ဖော်ပြထားတယ်။အနုပညာဖန်တီးမှုနဲ့ တော်လှန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြထားပါတယ်။တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် နေ့စဉ်ပြည်သူများနဲ့ တွေ့ဆုံမေးမြန်းမှုများကနေတစ်ဆင့် ပါလက်စတိုင်းသားတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် မတူညီသော ရှုထောင့်ကို ပြတယ်။Oslo II Accord ကာလမှာရှိနေခဲ့တဲ့ အစ္စရေးနဲ့ပါလက်စတိုင်းအကြားက ငြိမ်းချမ်းရေးတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပျောက်ကွယ်သွားရတဲ့အကြောင်းလေးတွေကိုလည်း ပါးပါးလေးပုတ်ထားတယ်။ယေဘူယျပြောရင်တော့ သမိုင်းအချက်အလက်တွေ သိပ်မပါပေမယ့် သာမန်မီဒီယာတွေမှာ မြင်ရလေ့မရှိတဲ့ ရှုထောင့်လေးတွေကိုတော့ ပြထားတော့ မဆိုးဘူးထင်ပါတယ်။   ကြည့်ရန် – YTS မှ Torrent ဒေါင်းပါ။

ကြည့်စေချင်သော Political/Social Drama များ – (Walled Off) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Bebaak)

Movie Name: Bebaak (2019)Political Affiliation: Islam, Hijab, Patriarchy, Oppression, Misogynyဒီရုပ်ရှင်ကတော့ ဟေဂျားဘ် (Hijab) လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာရွေးချယ်ခွင့် Empowerment ကို ချုပ်နှောင်ဖိနှိပ်တဲ့ အစ္စလာမ်ဘာသာက အဝတ်စတစ်ခုအကြောင်းနဲ့ လူ့အဖွဲ့အစည်းအထဲမှာ မဟာဖိုဝါဒတွေ (Patriarchy)၊ အမျိုးသမီးမုန်းဖိနှိပ်ရေးဝါဒ(Misogyny)‌ တွေဟာ ဘယ်လောက်အထိ ဘာသာတရား၊ ယဥ်ကျေးမှုဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရှင်သန်နေသလဲဆိုတာကို ဖော်ပြထားတဲ့ရုပ်ရှင်ပါပဲ။Patriarchy (မဟာဖိုဝါဒ) and religion (ဘာသာတရား) work in tandem တဲ့ ‘Bebaak’ ရုပ်ရှင်ကိုရိုက်တဲ့ ဒါရိုက်တာ အမျိုးသမီး Shazia Iqbal ကဆိုပါတယ်။ဒီနေရာမှာ ဟေဂျားဘ်ကို မူဆလင်တွေအပေါ် လူမျိုးရေးမုန်းတီးမှုအရ ခွဲခြားဆက်ဆံဖို့အသုံးချတဲ့သူတွေလည်းရှိတတ်ကြတာမှန်ပေမယ့် ဒီဟေဂျားဘ်ရဲ့ အတွေးအခေါ်ကိုယ်တိုင်က မဟာဖိုဝါဒတွေ (Patriarchy)၊ အမျိုးသမီးမုန်းဖိနှိပ်ရေးဝါဒ(Misogyny)‌

ကြည့်စေချင်သော Political/Social Drama များ – (Bebaak) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Hussein, Who Said No)

Movie Name: Hussein, Who Said NoPolitical Affiliation: Islam, Shia, Imam Husseinဒီရုပ်ရှင်ကတော့ အစ္စလာမ်သမိုင်းမှာ အရေးပါလှတဲ့ အေမာမ်ဟိုစိုင်းနဲ့ ကရ်ဘလာစစ်ပွဲတို့ရဲ့အကြောင်းပါပဲ။အေမာမ်ဟိုစိုင်းဆိုတာ တခြားလူမဟုတ်ပါဘူး။ ရစူလ်တမန်တော်မုဟမ္မဒ်ရဲ့ သမီးတော် ဖှါတေမာနဲ့ ယောက်ဖတော်အေမာမ်အလီတို့ရဲ့ သားတော်ပဲဖြစ်ပါတယ်။တလောကပဲ အေမာမ်အလီနဲ့ရစူလ်တမန်တော်မုဟမ္မဒ်ရဲ့ သမီးတော် ဖှါတေမာတို့အပေါ် (စွန်နီအလို ပထမကာလီဖာသခင်ကြီး) အဘူကာရ်နဲ့သူ့သမီး အိုင်အေရှာတို့က ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းဖိနှိပ်မှုတွေကို ရှီအာကျမ်းမူပြသမိုင်းတွေအရ တင်ပြထားတဲ့ ရုပ်ရှင်လေးကို တင်‌ပေးဖူးပါတယ်။ဒါကတော့ ဒီပထမကာလိဖာမျိုးဆက်အလွန်မှာဖြစ်တဲ့ကိစ္စပါ။ ယဇီးဒ်ဆိုတဲ့ ကာလိဖာလက်ထက်မှာ မူဆလင်မဟုတ်သူပြည်သူတွေရော မူဆလင်ပြည်သူတွေရောပါ အကုန်လုံး အဖိနှိပ်၊ အချုပ်အချယ်ခံကြရပါတယ်။ဒါကို ကြားသိရတဲ့ တမန်တော်မိုဟမ္မဒ်ရဲ့မြေးတော် အေမာမ်ဟိုစိုင်းက သဘောမတွေ့လှပါဘူး။ ယဇီးဒ်ဟာ သူရဲ့အာဏာဇာတ်ကိုထိန်းဖို့အတွက် တမန်တော်ရဲ့မြေးတော်ဖြစ်တဲ့ အေမာမ်ဟိုစိုင်းတို့ရဲ့ ထောက်ခံမှုကိုလိုအပ်ပါတယ်။ဒါပေမယ့် ပြဿနာက အေမာမ်ဟိုစိုင်းတို့က လက်မခံပါဘူး။ ဒီလိုကနေ

ကြည့်စေချင်သော Political/Social Drama များ – (Hussein, Who Said No) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Concrete Utopia)

Movie Name: Concrete UtopiaPolitical Affiliation: Dystopia, Fascism, Survivalဇာတ်လမ်းအကျဥ်းရာသီဥတု​ဖောက်ပြန်​ပြောင်းလဲပြီး မြေငလျင်အကြီးစားတစ်ခုလှုပ်ခတ်ခဲ့တဲ့အတွက်​ကြောင့် အပျက်အစီးပုံထဲကိုဆိုးလ်မြို့တစ်ခုလုံးကျရောက်သွားတယ်..ကံကောင်းထောက်မစွာ ကွန်ကရစ်တော်ဝင်တိုက်တစ်တိုက်ကတော့ အပျက်အစီးတွေကြားထဲမှာမားမားမတ်မတ်ကြီးကျန်ရှိနေတယ်…တိုက်ခန်းမှာ အရင်ကတည်းကနေခဲ့တဲ့သူတွေအတွက်တော့ကံကောင်းတယ်လို့ဆိုရပေမဲ့ အပြင်မှာအသေမသေဘဲကျန်ခဲ့တဲ့သူတွေအတွက်ကတော့ငရဲကျနေသလိုဖြစ်နေတယ်..အေးလွန်းလှတဲ့ရာသီဉတုဒဏ် စားစရာ အိပ်စရာမရှိတဲ့ဒုက္ခသည်တွေအတွက်တော့ ဒီတိုက်ကြီးဟာ မျက်စိကျစရာဖြစ်လာပါတယ်..သို့ပေမဲ့ နေဖို့အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့သူတွေက လက်မခံကြပါဘူး၊သုံးသပ်ချက်ကွန်ကရစ်တော်ဝင်တိုက်ဟာ နိုင်ငံရေးသီအိုရီအရ Guild Socialist ကွန်မြူးတစ်ခုလိုဖြစ်နေတယ်လို့ ယူဆလို့ရနိုင်တယ်။ အစပိုင်းမှာဒီမိုကရေစီလွှမ်းမိုးတဲ့နေရာတစ်ခုအဖြစ် ကိုယ့်အဖွဲ့အစည်းဝင်အချင်းချင်း အားလုံး‌စာနာထောက်ပံ့မှုတွေ၊ အတူတူပူးပေါင်းကြိုးစားလုပ်ဆောင်မှုတွေရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာ– Herd Mentality တွေ၊– အမျိုးသားရေးဆန်ဆန် အတွေးအခေါ်တွေနဲ့ Xenophobia တွေ၊– ကွန်ကရစ်တော်ဝင်တိုက်ကို နိုင်ငံတော်ဆန်ဆန် ယူဆမှုတွေ– ကွန်ကရစ်တော်ဝင်တိုက်ဆိုတဲ့ဖြစ်တည်မှုရဲ့အောက်က တစ်သီးပုဂ္ဂလဘဝဟာ အကောင်အထည်မဲ့၊ အရှိတရားမဲ့တဲ့ အနေအထားသို့ပြောင်းလဲလာမှုတွေ၊– ခေါင်းဆောင်အပေါ် လိုတာထက်ပေါ် အားကိုးမှုတွေ– သင်းကွဲတွေကို အများသူဌာအရှေ့မှာ အပြစ်ဝန်ချတောင်းပန်ခိုင်းမှုတွေလို ဖိနှိပ်အုပ်ချုပ်တတ်တဲ့ စနစ်မူတွေနဲ့ ပြည့်နှပ်နေတဲ့ဖက်ဆစ်လူ့အဖွဲ့အစည်းတစ်ခုအသွင်ကိုပြောင်းလာတယ်။အီ​​ဗြောင်ဟွန်ရဲ့ကာရိုက်တာအီ​​ဗြောင်ဟွန်ရဲ့ကာရိုက်တာ

ကြည့်စေချင်သော Political/Social Drama များ – (Concrete Utopia) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Her Name was Fanny)

Movie Name: Her Name was FannyPolitical Affiliation: Bolshevism, Soviet Union, Communism, Russia, October RevolutionFanny Kaplan ဆိုတဲ့နာမည်ကို ဆိုဗီယက်ယူနီယံသမိုင်းကျေသူတိုင်း ကြားဖူးကြမှာပါ။ဆိုဗီယက်ယူနီယံရဲ့သမိုင်းကို ဒီနေ့လိုဖြစ်အောင်ပြောင်းပေးခဲ့တဲ့ အမျိုးသမီးလို့တောင် ကင်ပွန်းတက်ရမယ်ထင်တယ်။ သူ့ရဲ့လုပ်ရပ်တစ်ခုကြောင့် စတာလင်ဟာ အာဏာရှိသူဖြစ်လာရတယ်။ အဲ့ဒီအကျိုးဆက်ကနေပဲ ကျွန်တော်တို့တွေ အာဏာရဲ့ဖောက်ပြန်မှုတွေ၊ ဗျူရိုကရေစီဆန်တဲ့ နိုင်ငံရေးလမ်းစဉ်တွေအကြောင်းကို သမိုင်းရဲ့ဖြစ်ရပ်တွေအနေနဲ့ ယထာဘူတကျကျလေ့လာနိုင်ဖို့ အခွင့်အရေးတွေရလာတယ်။သူ့နာမည်ဟာ Fanny Kaplan ပါ။ ယူကရိန်းသူ တော်လှန်သောဆိုရှယ်လစ်များပါတီဝင်တစ်ဦး၊ မင်းမဲ့ဝါဒီတစ်ဦးလို့လည်း တစ်ချို့ကပြောကြတယ်။ သူဟာ ဘော်ရှီဗစ်ခေါင်းဆောင်လီနင်ကိုလုပ်ကြံခဲ့သူပါပဲ။သူ့ကျေးဇူးနဲ့လီနင်တစ်ယောက် ၂ နှစ်လောက် စွတ်ပြုတ်သောက်ပြီး ဘုရားသခင်နဲ့မီတင်ပါထိုင်လိုက်ရတယ်။ ဒီဇာတ်ကားလေးထဲတော့ သူ့ရဲ့အကြောင်းတစ်စေ့တစ်စောင်းကိုရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲ သူ့ရဲ့နိုင်ငံရေးရင့်ကျက်မှုတွေထက် သူ့ရဲ့ဘဝကိုပိုရိုက်ထားတယ်။ဒီရုပ်ရှင်ကိုကြည့်ချင်ရင်အခမဲ့ကြည့်နိုင်တယ်။ Tubi TV မှာ ဇာတ်ကားနာမည်လေးရိုက်ပြီး

ကြည့်စေချင်သော Political/Social Drama များ – (Her Name was Fanny) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Rosa Luxemburg)

Movie Name: Rosa LuxemburgPolitical Affiliations: Orthodox Marxism, Democratic Socialism, Germany, Polandပိုလန်ဆိုရှယ်လစ်နှင့် မာ့က်စ်ဝါဒီတစ်ဦးအဖြစ် နာမည်ကျော်တဲ့ Rosa Luxemburg ဟာ သူ့ရဲ့ယုံကြည်ချက်အတွက် မဆုတ်မနစ် စည်းရုံးလှုံ့ဆော်နေခဲ့မှုတွေကို ရုပ်ရှင်အနေနဲ့ ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ ကောက်စကီးတို့ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကနေ မကွဲထွက်ခင်ကနေ ဂျာမဏီကွန်မြူနစ်ပါတီဖြစ်ပေါ်လာပြီး ‌နောက်ဆုံးအသတ်ခံရတဲ့အထိကို ရိုက်ပြထားတဲ့ Documentary ဆန်ဆန် ရုပ်ရှင်ဇာတ်လမ်းပါ။ရိုဆာ့အကြောင်း ဇာတ်လမ်းရိုက်ရင်တော့ ပထမကမ္ဘာစစ်ဝန်းကျင်က Spartacist uprising လိုအများသိကြတဲ့ ဆိုရှယ်ဒီမိုကရက်တွေထံက အာဏာကို ကွန်မြူနစ်တွေ သူပုန်ထတဲ့ တော်လှန်ရေးအကြောင်းကမပါမဖြစ်ပေါ့။ဇာတ်လမ်းက Documentary ဆန်တယ်လို့ ဆိုနိုင်ပေမယ့် အဆုံးအထိ မပျင်းရအောင်ဆွဲခေါ်သွားနိုင်တာကတော့ တော်တော်ချီးကျူးစရာကောင်းတယ်။ အချိန်မရတာကြောင့် ကျနော်အရင်လို လင့်မထုတ်ပေးနိုင်တော့ပေမယ့် ဒီရုပ်ရှင်ကို Torrent ဆိုက်တွေမှာ လွယ်လွယ်ကူကူရှာနိုင်ပါသေးတယ်။  

ကြည့်စေချင်သော Political/Social Drama များ – (Rosa Luxemburg) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Sindhooram)

Movie Name: SindhooramPolitical Affiliations: Naxalite, Maoismရာဗီဆိုတဲ့ဘတ်မင်တံကစားသမားလူငယ်လေးဟာ နိုင်ငံဂုဏ်ဆောင်အားကစားသမားဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူချောက်တွန်းခံရပြီး ရဲစခန်းရောက်ကျောင်းထုတ်ခံရတဲ့ အခြေအနေထိဖြစ်ခဲ့ပါတယ်။ နောက်ပြီး သူ့တို့မိသားစုပိုင် လယ်ကွက်တွေလည်းမတရားအသိမ်းခံလိုက်ရပါတယ်။အဲ့စိတ်နဲ့ပဲ ရာဗီရဲ့အဖေဟာလည်း သေသွားခဲ့ပါတယ်။သူ့ဘဝကြီးအရာရာအဆင်မပြေဖြစ်နေတဲ့အချိန်မှာ လယ်ရှင်တွေကိုတော်လှန်ပြီး မရှိဆင်းရဲသားတွေအတွက်သက်သာချောင်ချိတဲ့ဘဝတစ်ခုရဖို့ လုံးပမ်းနေတဲ့ တော်လှန်ရေးကွန်မြူနစ်တွေက သူတို့အဖွဲ့ထဲဝင်ပြီးအမှန်တရားအတွက်တိုက်ခိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့လိုနဲ့ ရာဗီဟာကွန်မြူနစ်အဖွဲ့ထဲရောက်သွားခဲ့ပါတယ်။ရာဗီဆုံးဖြတ်ချက်မှန်ရဲ့လား အဖိနှိပ်ခံတွေဖက်ကရပ်တည်ပါတယ်ဆိုတဲ့ ကွန်မြူနစ်အဖွဲ့ကရော ငွေနဲ့ အာဏာနဲ့ ထိဆက်မိလာတဲ့အခါ ရပ်တည်ချက်တကယ်စစ်မှန်တော့ရဲ့လားဆိုတာကို ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ညွှန်းကောင်းကောင်းလေးနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။  

ကြည့်စေချင်သော Political/Social Drama များ – (Sindhooram) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Faith Makes Great)

Movie Name: Faith Makes GreatPolitical Affiliations: China, Marxism, Communism, Chinese Communist Party, Communist Manifestoဒီတစ်ခါကတော့ Series လေးပါ။ Series ကိုယေဘူယျပြောရရင်တော့ ဒီနေ့ခေတ် စီးပွားရေးအင်အားကြီးတဲ့ တရုတ်နိုင်ငံရယ်လို့ ဖြစ်လာစေဖို့ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခဲ့ဖူးသူတွေကို အသိအမှတ်ပြုပြီး သမိုင်းမော်ကွန်း‌တင်ထားတဲ့ ဇာတ်လမ်းတွဲလေးပဲ။ကွန်မြူနစ်ကြေညာစာတမ်းကို တရုတ်ဘာသာပြန်ဆိုခဲ့တဲ့ Chen Wangdao တို့လို ပုဂ္ဂိုလ်ကြီးတွေကစလို့ နောက်ဆုံး သာမန် မိုင်းတွင်းအလုပ်သမားလေးတွေနဲ့ စစ်သည်တပ်သားအဆင့်အထိကိုကို မော်ကွန်းတင်အသိအမှတ်ပြုထားတဲ့ ဇာတ်လမ်းတွဲလေးပဲ။ ဇာတ်လမ်းတွဲလေးရဲ့ အပိုင်း(၁) ပိုင်းဆီက အဲ့လိုလူမျိုး တစ်ဦးဆီကို ကိုယ်စားပြုတယ်။Series လေးဆိုပေမယ့် ကျနော်ကတော့ အပိုင်း(၁) ကိုပဲ အညွှန်းရေးပေးချင်တယ်။တရုတ်ပြည်ရဲ့ တောင်နဲ့မြောက်မှာ ကွန်မြူနစ်ပါတီတွေထောင်ဖို့ တရုတ်ပြည်ရဲ့မာ့က်စ်ဝါဒဖခင်ကြီး Li Dazhao

ကြည့်စေချင်သော Political/Social Drama များ – (Faith Makes Great) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Kanchivaram)

Movie Name: KanchivaramPolitical Affiliations: India, Communism, Trade Unionism, Marxismဒီတစ်ခါရုပ်ရှင်ကတော့ Kanchivaram လို့ခေါ်တဲ့ ဇာတ်အေးကြီးတစ်ခုဖြစ်ပါတယ်။အိန္ဒိယဇာတ်ကားတွေမှာ များသောအားဖြင့် အဖိနှိပ်ခံတွေအတွက် မားမားမက်မက်ရပ်တည်ပေးတဲ့ မင်းသားတစ်ယောက်တော့ ရှိစမြဲပဲ။– တစ်ခါတစ်လေ ကွန်မြူနစ်တစ်ယောက် (ဒါဆို တ‌မီးလ်နာဒူတို့ တောင်ပိုင်းတို့ဖက်)– တစ်ခါ‌တစ်လေ ရဲသားတစ်ယောက် (ဒါဆို ပန်ဂျဘ်တို့ဖက်)– တစ်ခါတစ်လေ တက်ကြွတဲ့ကျောင်းသားလူငယ်တစ်ယောက် (ဒါဆို ဘော်လီဝုဒ်ဖက်)– တစ်ခါတစ်လေ ဝန်ကြီးတစ်ယောက် (ဒါဆို ကရာလာတို့ဖက်)ဒါပေမယ့် ဒီကားမှာတော့ အဲ့လိုအဖိနှိပ်ခံတွေအတွက် မားမားမက်မက်ရပ်တည်ပေးတဲ့ မင်းသားတစ်ယောက်မပါပါဘူး။ဒီကားထဲက မင်းသားဟာ သာမန်စက်ချုပ်သမား ဝန်ထမ်းလေးပါ။ သူကစက်ချုပ်သမားပီပီ သူ့မိန်းမအတွက် ပိုးထည်တစ်ထည် ချုပ်ပေးဖို့ ရည်သန်ခဲ့ဖူးတယ်။ သူ့ဘဝက ပိုးထည်တွေ ချည်ထည်တွေ ထောင်နဲ့ချီ ချုပ်ခဲ့ရပေမယ့် သူ့မိန်းမသာ ဆုံးသွားတယ်၊ အဲ့ပိုးထည်လေးတစ်ထည်ကို မရက်ပေးနိုင်ခဲ့ဘူး။

ကြည့်စေချင်သော Political/Social Drama များ – (Kanchivaram) Read More »

error: Content is protected !!