ကြည့်စေချင်သော Political/Social Drama များ – (Faith Makes Great)

Movie Name: Faith Makes GreatPolitical Affiliations: China, Marxism, Communism, Chinese Communist Party, Communist Manifestoဒီတစ်ခါကတော့ Series လေးပါ။ Series ကိုယေဘူယျပြောရရင်တော့ ဒီနေ့ခေတ် စီးပွားရေးအင်အားကြီးတဲ့ တရုတ်နိုင်ငံရယ်လို့ ဖြစ်လာစေဖို့ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခဲ့ဖူးသူတွေကို အသိအမှတ်ပြုပြီး သမိုင်းမော်ကွန်း‌တင်ထားတဲ့ ဇာတ်လမ်းတွဲလေးပဲ။ကွန်မြူနစ်ကြေညာစာတမ်းကို တရုတ်ဘာသာပြန်ဆိုခဲ့တဲ့ Chen Wangdao တို့လို ပုဂ္ဂိုလ်ကြီးတွေကစလို့ နောက်ဆုံး သာမန် မိုင်းတွင်းအလုပ်သမားလေးတွေနဲ့ စစ်သည်တပ်သားအဆင့်အထိကိုကို မော်ကွန်းတင်အသိအမှတ်ပြုထားတဲ့ ဇာတ်လမ်းတွဲလေးပဲ။ ဇာတ်လမ်းတွဲလေးရဲ့ အပိုင်း(၁) ပိုင်းဆီက အဲ့လိုလူမျိုး တစ်ဦးဆီကို ကိုယ်စားပြုတယ်။Series လေးဆိုပေမယ့် ကျနော်ကတော့ အပိုင်း(၁) ကိုပဲ အညွှန်းရေးပေးချင်တယ်။တရုတ်ပြည်ရဲ့ တောင်နဲ့မြောက်မှာ ကွန်မြူနစ်ပါတီတွေထောင်ဖို့ တရုတ်ပြည်ရဲ့မာ့က်စ်ဝါဒဖခင်ကြီး Li Dazhao […]

ကြည့်စေချင်သော Political/Social Drama များ – (Faith Makes Great) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Kanchivaram)

Movie Name: KanchivaramPolitical Affiliations: India, Communism, Trade Unionism, Marxismဒီတစ်ခါရုပ်ရှင်ကတော့ Kanchivaram လို့ခေါ်တဲ့ ဇာတ်အေးကြီးတစ်ခုဖြစ်ပါတယ်။အိန္ဒိယဇာတ်ကားတွေမှာ များသောအားဖြင့် အဖိနှိပ်ခံတွေအတွက် မားမားမက်မက်ရပ်တည်ပေးတဲ့ မင်းသားတစ်ယောက်တော့ ရှိစမြဲပဲ။– တစ်ခါတစ်လေ ကွန်မြူနစ်တစ်ယောက် (ဒါဆို တ‌မီးလ်နာဒူတို့ တောင်ပိုင်းတို့ဖက်)– တစ်ခါ‌တစ်လေ ရဲသားတစ်ယောက် (ဒါဆို ပန်ဂျဘ်တို့ဖက်)– တစ်ခါတစ်လေ တက်ကြွတဲ့ကျောင်းသားလူငယ်တစ်ယောက် (ဒါဆို ဘော်လီဝုဒ်ဖက်)– တစ်ခါတစ်လေ ဝန်ကြီးတစ်ယောက် (ဒါဆို ကရာလာတို့ဖက်)ဒါပေမယ့် ဒီကားမှာတော့ အဲ့လိုအဖိနှိပ်ခံတွေအတွက် မားမားမက်မက်ရပ်တည်ပေးတဲ့ မင်းသားတစ်ယောက်မပါပါဘူး။ဒီကားထဲက မင်းသားဟာ သာမန်စက်ချုပ်သမား ဝန်ထမ်းလေးပါ။ သူကစက်ချုပ်သမားပီပီ သူ့မိန်းမအတွက် ပိုးထည်တစ်ထည် ချုပ်ပေးဖို့ ရည်သန်ခဲ့ဖူးတယ်။ သူ့ဘဝက ပိုးထည်တွေ ချည်ထည်တွေ ထောင်နဲ့ချီ ချုပ်ခဲ့ရပေမယ့် သူ့မိန်းမသာ ဆုံးသွားတယ်၊ အဲ့ပိုးထည်လေးတစ်ထည်ကို မရက်ပေးနိုင်ခဲ့ဘူး။

ကြည့်စေချင်သော Political/Social Drama များ – (Kanchivaram) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Age of Awakening)

Movie Name: Age of AwakeningPolitical Affiliations: China, Communist Party of China, MarxismAge of Awakening ကတော့ တရုတ်ပြည်ထုတ် နိုင်ငံရေးဇာတ်လမ်းတွေထဲမှာ တော်တော်လေး ရှားပါးလို့ပြောလို့ရတယ်။ ဘာလို့ဆို ၁၉၁၁ ခုနှစ်ဝန်းကျင်ကနေ သမိုင်းစထားပြီးတော့ တရုတ်ပြည်ရဲ့ မာ့က်စ်ဝါဒထွန်းကားလာမှု လမ်းစဥ်တစ်လျှောက်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ တည်ထောင်သူ၊ ပထမဦးဆုံး အထွေထွေအတွင်းရေးမှူး ချိန်တူရှုတ် (Chen Duxiu) ရဲ့ အရေးပါမှုကို ကွက်ကွက်ကွင်းကွင်း သမိုင်းကို အရှိအတိုင်းအတိုင်း ဖော်ပြထားတဲ့ စီးရီးဇာတ်လမ်းမို့ပါပဲ။တရုတ်ပြည်ကွန်မြူနစ်ပါတီမှာ လင်းဗျောင်တို့ လေးဦးဂိုဏ်းအာဏာစရကတည်းက ချိန်တူရှုတ် (Chen Duxiu) ရဲ့ အရေးပါမှုကို ခွေးရူးအရိုးဝိုင်းဖျက်သလို နာမည်ဝိုင်းဖျက်ခဲ့တယ်။ နောက်ဆုံး မော်စီတုန်းကိုယ်တိုင်က “ချိန်တူရှုတ် (Chen Duxiu) ဟာ

ကြည့်စေချင်သော Political/Social Drama များ – (Age of Awakening) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Kobanê)

Movie Name: Kobanê Political Affiliations: Islamic Fascism, ISIS, YPG, YPJ, Anarchism, Kurdish Liberation, Women’s Liberation, Rojava ဆီးရီးယားဒေသမှာ အစ္စလာမ်မစ်ဖက်ဆစ်တွေဆီကနေ လွတ်မြောက်ရေးရဖို့ အသက်သွေးတွေ ပေးဆပ်နေကြတဲ့ Kurd လို့ခေါ်တဲ့ လူမျိုးစုရဲ့ လွတ်လပ်စွာရပ်တည်ခွင့်အပေါ် အခြေပြုတဲ့ တော်လှန်ရေးတစ်ခုဖြစ်နေတယ်။ တစ်ခုကွာတာက Kurd လွတ်မြောက်ရေးမှာ အနီးနားက အာရတ်တွေ၊ တူရကီအစိုးရ၊ အနောက်တိုင်းအုပ်စု၊ ရုရှားနဲ့ ဆီကတင်မကပဲ အစ္စလာမ်ဖက်ဆစ်တွေဆီကနေပါ လွတ်မြောက်အောင် တိုက်ခိုက်နေတာပဲ။ အဲ့ဒီထဲမှာ ဆီးရီးယား‌ဒေသနားမှာ Rojava လို့ခေါ်တဲ့ လူထုအခြေပြု အစိုးရစနစ်နဲ့ အုပ်ချုပ်တဲ့ Commune လေးတစ်ခုပေါ်လာခဲ့တယ်။ အာဏာသက်ဆင်းမှု၊ မျက်ကန်းလိုက်နာမှုနဲ့ မူဝါဒတရားသေကိုင်စွဲတဲ့ အစ္စလာမ်မစ်ဖက်ဆစ် (တူရကီအစိုးရ၊ အီရန်အစိုးရနဲ့အတူ အိုင်စက်တွေ)

ကြည့်စေချင်သော Political/Social Drama များ – (Kobanê) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Farha)

Movie Name: FarhaPolitical Affiliations: Israel’s apartheid against Palestinians, ZionismNetflix က ဒီဇာတ်လမ်ကို ဒီဇင်ဘာ 1 ရက်က ဖြန့်ချိတယ်။ အဲ့နောက်ပိုင်း netflix အပါအဝင် ဒီရုပ်ရှင်ကို တင်သွင်းပြသတဲ့ streaming platform နှင့် ရုပ်ရှင်ရုံတွေကို အစ္စရေးနိုင်ငံရေးသမားများက ဝေဖန်ခဲ့တယ်။အစ္စရေးဘဏ္ဍာရေးဝန်ကြီး Avigdor Lieberman က ဒီဇာတ်ကားကို ပြသတဲ့အတွက် Netflix ကို ဝေဖန်ခဲ့တယ်။ အစ္စရေးယဉ်ကျေးမှုဝန်ကြီး Hili Tropper က ဒီဇာတ်လမ်းကို အစ္စရေး ပြဇာတ်ရုံတစ်ခုက ပြသတာကို “စော်ကားမှုတစ်ခု” လို့ သမုတ်ပြီး ပြောဆိုခဲ့တယ်။ဘာကြောင့် အစ္စရေးအမျိုးသားရေးဝါဒီတွေ(ဇီယွန်ဝါဒီ)တွေနဲ့ အစ္စရေးအစိုးရဝန်ကြီးတွေက ဒီရုပ်ရှင်ကို ကျားကန်ကန်ပြီး ဝေဖန်နေကြတာလဲ။ မလိုမုန်းတီးဖြစ်နေတာလဲ။ဒီကတော့ဒီရုပ်ရှင်ဟာ အစ္စရေးစစ်တပ်အနေနဲ့ ပါလက်စတိုင်းလူထုအပေါ် ကျူးလွန်ခဲ့ဖူးတဲ့

ကြည့်စေချင်သော Political/Social Drama များ – (Farha) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Last Persian Shah)

Movie Name: Last Persian ShahPolitical Affiliations: Iran, Shah Mohammad Reza Pahlavi, Khomeini, Political Islam, Western Imperialism, Islamic Fascismအခုဖြစ်နေတဲ့ အီရန်ကတော်လှန်ရေးဟာ တကယ်ဆို ခုမှစတာမဟုတ်ပါဘူး။ Mahsa Amini ကိစ္စမဖြစ်ခင်ကတည်းက LGBT တွေ၊ အမျိုးသမီးတွေ၊ ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေဟာ နှစ်တွေ ဆယ်ဂဏန်းနဲ့ချီပြီး အဖိနှိပ်ခံခဲ့ရပါတယ်။ဒီဇာတ်လမ်းလေးကတော့ အီရန်နဲ့ပတ်သတ်လို့ စာအုပ်တွေဖတ်ရမှာပျင်းတဲ့ မိတ်ဆွေတွေအတွက် အသုံးတည့်မှာပါ။Shah လက်ထက်မှာ သူဟာ အနောက်တိုင်းအကူအညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့တယ်။ အဲ့လိုလုပ်ခဲ့တဲ့နည်းတူပဲ နိုင်ငံရေးအတိုက်အခံတွေကိုလည်း ရစရာမရှိအောင်ဖိနှိပ်ခဲ့တယ်။ လက်ယာစွန်း အစ္စလာမ်မစ်အစွန်းရောက်ဖက်ဆစ်တွေနဲ့ လက်ဝဲစွန်း ကွန်မြူနစ်အင်အားစုဟာ အလယ်အလတ်လစ်ဘရယ်ဝါဒီ အတွက် အန္တရာယ်တွေဖြစ်ခဲ့တယ်။ Shah ဟာ အဲ့မှာ အမှားတစ်ခုကို

ကြည့်စေချင်သော Political/Social Drama များ – (Last Persian Shah) Read More »

ကြည့်စေချင်သော Political/Social Drama များ – (The Lady of Heaven)

Movie Name: The Lady of HeavenPolitical Affiliations: Shia Islam, Lady Fatima, Daughter of Prophet Muhammad(ကြိုပြောထားချင်တာက ကျနော်ဟာ ရှီအာမဟုတ်ပါ။ နာမည်ကိုက အဘူဘကာရ်ပါ။ အဖိုးကတော့ အဘူဘကာရ်လို လှူဒါန်းလိုတဲ့ စိတ်ရှိအောင်နဲ့ တမန်တော်ရဲ့ ရဲဘော်ရဲဖက်ထဲမှာမှ အရင်းနီးဆုံးသူဖြစ်တာ‌ကြောင့် အဲ့နာမည်ပေးထားတာလို့တော့ ပြောသွားဖူးတယ်၊ ဒါပေသိ မတရားမှုကို မတရားမှုမှန်း သိလာခဲ့တဲ့အခါ ဖာတီမာရဲ့ သေဆုံးခြင်းအတွက် ဂရုဏာသက်မိတယ်။ အလီတို့ရဲ့ တွန်းလှန်မှုကို လေးစားတတ်လာတယ်)ဒီနေ့တင်ပေးချင်တဲ့ ရုပ်ရှင်ကတော့ အစ္စလာမ်ဘာသာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတစ်ခုပေါ့။ အစ္စလာမ်ဘာသာရဲ့ တမန်တော်မုဟမ္မဒ်သေပြီးတဲ့အခါ ခါလီဖာ(ကာလီဖာ) အနေနဲ့ ဆက်ခံမယ့် ပြဿနာရှိလာတယ်။မုဟမ္မဒ်ရဲ့ မိတ်ဆွေအရင်းအချာကြီးဖြစ်တဲ့အပြင် ယောက္ခမပါဖြစ်တဲ့ အဘူဘကာရ်မည်တဲ့ အလှူအတန်းရက်ရောပြီး သြဇာကြီးမားတဲ့ သူဖြစ်မလား။ မုဟမ္မဒ်ရဲ့

ကြည့်စေချင်သော Political/Social Drama များ – (The Lady of Heaven) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Deng Xiaoping at History’s Crossroads)

Series Name: Deng Xiaoping at History’s CrossroadsPolitical Affiliations: Cultural Revolution, Chinese Communist Party, Socialism with Chinese characteristics, Deng Xiaoping Theoryဒီတီဗီစီးရီးလေးကတော့ တရုတ်ပြည်ကွန်မြူနစ်က တိုက်ရိုက်အုပ်ချုပ်တဲ့ CCTV သတင်းဌာနက တင်ဆက်ရိုက်ပြထုတ်လွှင့်ခဲ့တဲ့ (‌ယဥ်ကျေးမှုတော်လှန်ရေးအလွန်) တိန့်ရှောင်ဖိန်နိုင်ငံရေးဘဝဖြတ်သန်းမှုအကြောင်းကို ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။2014 6th China TV Drama Awards မှာ Best Television Series ဆုကိုရရှိခဲ့ပြီး 2016 28th China TV Golden Eagle Award မှာလည်း Outstanding Television Series ဆုကို ရရှိခဲ့ပါတယ်။ယဥ်ကျေးမှုတော်လှန်ရေးအလွန် လင်းဗြောင်တို့ရဲ့ စတာလင်ဂိုဏ်းက မော်စီတုန်းရဲ့ ရဲဘော်ရဲဖက်တွေဖြစ်ခဲ့တဲ့

ကြည့်စေချင်သော Political/Social Drama များ – (Deng Xiaoping at History’s Crossroads) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Karen)

Movie Name: Karen 2021Political Affiliations: Black Lives Matter, BLM, Civil Rightsရုပ်ရှင်ခေါင်းစဉ်သည် အမေရိကန် လူဖြူ “Karen” ပုံစံကို ရည်ညွှန်းထား‌သော ခေါင်းစဉ်ဖြစ်သည်။ ဒီဇာတ်ကားကို ရုံတင်ပြီးချိန်မှာတော့ ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။လူမည်းအမျိုးသား Malik နဲ့ သူ၏ဇနီးသည် Imani တို့ဟာ Harvey Hill ရှိ Homeowners Association ဥက္ကဌ Karen Drexler ၏ အိမ်ဘေးသို့ ပြောင်းရွှေ့လာသော လူမည်းစုံတွဲတစ်တွဲဖြစ်တယ်။Karen က Malik နဲ့ အမြန် လာရောက်မိတ်ဆက်ခဲ့ပြီး မိတ်ဆက်နေစဉ် လက်ဆွဲမနှုတ်ဆက်ပါပဲ သူမအိမ်မှာ “ငွေမရှိ” ကြောင်း ပြောပြီး Malik တို့ အိမ်ဖက်ကို ဦးတည်ထားတဲ့ လုံခြုံရေးကင်မရာ‌တွေ

ကြည့်စေချင်သော Political/Social Drama များ – (Karen) Read More »

ကြည့်စေချင်သော Political/Social Drama များ – (Pride)

Movie Name: Pride 2014Political Affiliations: Labor Movement, Miners’ Strike, Workers Movement, LGBT Rights, Solidarity1984 ခုနှစ်တွင် ဗြိတိန်မိုင်းလုပ်သားများ၏ သပိတ်တစ်ခုဖြစ်ခဲ့သည်။ သပိတ်တစ်ခုဖြစ်ပါက အလုပ်သမားများ၊ အဆိုပါသပိတ်အရ မိုင်းလုပ်သားများတွင် ဝင်ငွေမရှိကြ။ ထို့ကြောင့် လှုပ်ရှားမှုအတွင်း ဝင်ငွေမရှိခြင်းကြောင့် ထိခိုက်ခံစားရသော မိသားစုများအား ကူညီရန် ရန်ပုံငွေရှာဖွေခဲ့သော လိင်တူချစ်သူများနှင့် လိင်တူတက်ကြွလှုပ်ရှားသူအုပ်စုတစ်စု Lesbians and Gays Support the Miners ၏ တက်ကြွလှုပ်ရှားမှုအကြောင်းအား သရုပ်ဖော်ထားသော ဖြစ်ရပ်မှန်ဒရမ်မာရုပ်ရှင်ဖြစ်သည်။ရုပ်ရှင်အတွင်းမှ ဒိုင်ယာလော့ တချို့အား ဖော်ပြအံ့၊LGSM အဖွဲ့မှ မိုင်းလုပ်သားများ၏ သပိတ်အား ထောက်ခံအားပေးနေခြင်းအား သတင်းမီဒီယာများမှ Perverts support the Pits ဟု LGSM

ကြည့်စေချင်သော Political/Social Drama များ – (Pride) Read More »

error: Content is protected !!